BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အီလွန်မက်စ်က လေဘာတီရုပ်ထုကို...
သတင်းအတု

အီလွန်မက်စ်က လေဘာတီရုပ်ထုကို အရည်ဖျော်မယ်ဆိုတဲ့ သတင်းအတု

အီလွန်ကက်စ်က လေဘာတီရုပ်ထုကို အရည်ဖျော်ဖို့ ပြောထားတယ် ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2024 9:49 PM IST
  • အီလွန်မက်စ်က လေဘာတီရုပ်ထုကို အရည်ဖျော်မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို နိုဝင်ဘာလ နှောင်းပိုင်းမှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ရာမှာ CNN သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ပုံစံ screen shot တစ်ခုနဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ “Elon Musk သည် Limited Edition Cyber Trucks စီးရီးများထုတ်လုပ်ရန် Liberty ရုပ်တုကို အရည်ပျော်အောင်ပြုလုပ်ရန် စဉ်းစားနေသည်” လို့ ဖော်ပြထားပါတယ်။ သတင်းအမှားထဲမှာတော့ “လေဒီ လေဘာတီက က ပြင်သစ်လူမျိုးပါ။ အမေရိကန်မှာ ရုပ်ထုထက် ပိုတာ မရှိပါဘူး” လို့ ပြောထားကြောင်း CNN သတင်းဌာနမှာ ပါရှိတဲ့ပုံစံ ပြုလုပ်ထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Screen shot နဲ့ ဖြန့်ထားတဲ့ သတင်းအမှားကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အီလွန်မက်စ်က လေဘာတီရုပ်တီကို အရည်ဖျော်မယ်လို့ ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထာတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီသတင်းအတုဟာ CNN သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ပုံစံ ဖြန့်ထားတာဖြစ်ပြီး CNN က ဒီသတင်းကို ဖော်ပြခဲ့ခြင်းမရှိသလို အီလွန်မက်စ်ကလည်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

    အဆိုပါ သတင်းကို နိုင်ငံတကာက fact-check အဖွဲ့တွေက အချက်အလက် စစ်ဆေးထားတဲ့ သတင်းကိုလည်း ဒီနေရာမှာဖတ် နိုင်ပါတယ်။

    ဒီသတင်းအမှားဟာ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် ထရမ့်ကို ထောက်ခံတဲ့ အီလွန်မက်စ် အပေါ်ကိုပါ သတင်းအမှားတွေ ဖြန့်ဝေလာတာ ဖြစ်ပါတယ်။

    Read Full Article
    Claim :   Elon Musk Considers Melting Down Statue of Liberty
    Claimed By :  Facebook, Threads, X
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!