BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဝါဒဖြန့် Account တွေ ပိတ်မယ်လို့...
      သတင်းအတု

      ဝါဒဖြန့် Account တွေ ပိတ်မယ်လို့ အီလွန်မက်စ် ပြောတယ်ဆိုတဲ့ သတင်းအတု

      X လူမှုကွန်ယက်ပေါ် ဝါဒဖြန့်ချီမှုပြုလုပ်ရင် Account တွေ ပိတ်ခံရမယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  24 Sept 2024 6:41 PM IST
    • ဝါဒဖြန့် Account တွေ ပိတ်မယ်လို့ အီလွန်မက်စ် ပြောတယ်ဆိုတဲ့ သတင်းအတု

      ဒီသတင်းအတုကို စက်တင်ဘာလ ၉ ရက်နေ့ ဝန်းကျင်ခန့်က လူမှုကွန်ယက်စာမျက်နှာတွေပေါ် ဖြန့်ဝေခဲ့ကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ X လူမှုကွန်ယက်ပေါ် စာရေးသားထားတဲ့ ပိုစ့်တစ်ခုရဲ့ Screenshot ပုံစံနဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ ဒီပုံထဲမှာ အီလွန်မက်စ်ရဲ့ အကောင့်ကနေ “X လူမှုကွန်ယက်ပေါ် ဝါဒဖြန့်ချီသည့် မည်သူမဆို အကောင့်တွေ ရပ်ဆိုင်းခံရမည်” လို့ ဖော်ပြထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Screenshot ပုံစံ ဖန်တီးထားတဲ့သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      X လူမှုကွန်ယက်ပေါ် ဝါဒဖြန့်ရင် Account တွေ ပိတ်မယ်လို့ အီလွန်မက်စ် ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      အီလွန်မက်စ်က ၎င်းရဲ့ X (ယခင် တွစ်တာ) လူမှုကွန်ယက်ပေါ်မှာ ဒီအကြောင်းအရာကို တစ်စုံတစ်ရာ ရေးသားခြင်း မှတ်ချက်ပြောထားခြင်း မရှိပါဘူး။ Photoshop နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံအတုတစ်ခုသာ ဖြစ်ပါတယ်။

      X လူမှုကွန်ယက် ပေါ် အီလွန်မက်စ် ရေးသားထားတဲ့ ပိုစ့်တွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

      အီလွန်မက်စ်ဟာ ၎င်းရဲ့ Account ကနေ X အကောင့်တွေ ပိတ်သိမ်းမယ်ဆိုတဲ့ အကြောင်းအရာကို မကြာခဏတင်လေ့ရှိပေမယ့် ဝါဒဖြန့်ချီမှုနဲ့ ပတ်သက်တဲ့ အကောင့်တွေ ပိတ်မယ်ဆိုတဲ့စာမျိုးတော့ ရေးသားခြင်း ဖြန့်ဝေခြင်း မရှိပါဘူး။


      Tags

      Fake newsElon MuskpropagandasuspendedX social mediaသတင်းအတုX လူမှုကွန်ယက်
      Read Full Article
      Claim :   X လူမှုကွန်ယက်ပေါ် ဝါဒဖြန့်ရင် Account တွေ ပိတ်မယ်လို့ အီလွန်မက်စ် ပြော
      Claimed By :  Facebook, Threads, X
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!