BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • မြန်မာငွေ ၁၃ သိန်းစီ ရမယ်လို့...
      သတင်းအတု

      မြန်မာငွေ ၁၃ သိန်းစီ ရမယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု

      ပြည်သူတစ်ဦးချင်းစီကို မြန်မာငွေ ၁၃ သိန်းခန့်စီ ထောက်ပံ့မယ် ဆိုပြီးထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားထားတဲ့ သတင်းတစ်ပုဒ်ဟာ လူမှုကွန်ယက်တွေပေါ်မှာ ပျံနှံ့ နေပါတယ်။

      By - Boom Live Myanmar | 28 April 2020 2:24 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • မြန်မာငွေ ၁၃ သိန်းစီ ရမယ်လို့ ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားထားတဲ့ သတင်းအတု

      ဒီသတင်းအတုဟာ "ပြည်သူတစ်ယောက်ချင်းစီကိုမြန်မာငွေ (၁၃)သိန်းစီခန့်ထောက်ပံ့ပေးအပ်တဲ့အစီစဉ် စတင်ပါပြီ" ဆိုတဲ့ သတင်းခေါင်းစဉ် တပ်ထားပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံနေတဲ့ ဓါတ်ပုံကို အသုံးပြုထားပါတယ်။

      တကယ်တော့ ဒီသတင်းဟာ မြန်မာနိုင်ငံနဲ့ မသက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို ထောက်ပံ့ကြေး ပေးသယောင်ယောင် ဖြစ်အောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဓါတ်ပုံကို အသုံးပြုပြီးဖြန့်ဝေနေတာဖြစ်ပါတယ်။

      အဆိုပါ သတင်းအတုကို ဧပြီလ ၂ဝ ရက်နေ့မှာ သုတရသဘုံ (Knowledge) ဆိုတဲ့ ဝက်(ဘ်)ဆိုဒ် က ရေးသားခဲ့ပြီး နာမည်ကျော် သရုပ်ဆောင်တွေနာမည်နဲ့ ပြုလုပ်ထားတဲ့ Facebook Page အတုတွေကနေတဆင့် ဒီသတင်းကို မျှဝေခဲ့ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒီသတင်း ထဲမှာ ရေးထားတဲ့ "ပြည်သူတစ်ယောက်ချင်းစီကိုမြန်မာငွေ (၁၃)သိန်းစီခန့်ထောက်ပံ့ပေးအပ်တဲ့အစီစဉ် စတင်ပါပြီ" ဆိုတဲ့ အချက်ကို Boom Myanmar က စစ်ဆေးကြည့်တဲ့အခါ မြန်မာနိုင်ငံနဲ့ မသက်ဆိုင်တဲ့ သတင်းတစ်ပုဒ် ဖြစ်ကြောင်းတွေ့ရှိရပါတယ်။

      တကယ်တော့ ဒီသတင်းဟာ ဂျပန်အစိုးရက ကိုရိုနာကပ်ဘေး ကြုံတွေ့နေရတဲ့အချိန်မှာ ပြည်သူတွေကို ဂျပန်ယန်း ၁ သိန်းစီ ထောက်ပံ့ပေးမယ်ဆိုတဲ့သတင်းကို ပုံဖျက်ထားတဲ့သတင်းပဲ ဖြစ်ပါတယ်။

      ဒီသတင်းဟာဟာ မြန်မာနိုင်ငံနဲ့ မသက်ဆိုင်တဲ့ သတင်းဖြစ်တဲ့အပြင် သတင်းမှာအသုံးပြုထားတဲ့ပုံဟာလည်း၂၀၁၆ ခုနှစ် စက်တင်ဘာလ ၇ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ တွေ့ဆုံစဉ်က ဓါတ်ပုံကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားထားတာဖြစ်ပါတယ်။

      ဒါ့အပြင် ဒီသတင်းအတုကို သရုပ်ဆောင် ဟဲဗီးဖြိုး နာမည်နဲ့ ပြုလုပ်ထားတဲ့ Page အတုမှာ ဧပြီလ ၂၀ ရက်နေ့ ည ၇ နာရီ ၁၂ မိနစ်မှာ ထပ်ဆင့်မျှဝေထားပြီး၊ သရုပ်ဆောင် အိချောပို နာမည်နဲ့ Page အတု၊ သရုပ်ဆောင် ခင်ဝင့်ဝါ နာမည်နဲ့ Page အတုတွေမှာ ည ၇ နာရီ ၁၃ မိနစ်မှာ ပြန်တင်ခဲ့ပါတယ်။

      ဒီသတင်းကို နာမည်ကျော် သရုပ်ဆောင်တွေရဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ Page အတု ၃ ခု လုံးမှာ "ပြည်သူတစ်ယောက်ချင်းစီကိုမြန်မာငွေ (၁၃)သိန်းစီခန့်ထောက်ပံ့ပေးအပ်တဲ့အစီစဉ် စတင်ပါပြီ ဝမ်းသာစရာပါ" ဆိုတဲ့ စာသား ကိုသာ ပုံစံတူ ရေးတင်ထားပါတယ်။ ဗဟုသုတဘုံ ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်က သတင်းအတုကို အချိန် ၁ မိနစ်အတွင်း Page အတု ၃ ခု မှာ ပြန်တင်ထားတဲ့ အတွက် တစ်ယောက်တည်းက အသုံးပြုနေတာလို့ ယူဆရပါတယ်။


      ဗဟုသုတဘုံ ဆိုတဲ့ ဝက်(ဘ်)ဆိုဒ်ဟာ ထင်ယောင်ထင်မှား သတင်းတွေ၊ သတင်းအမှားတွေ၊ ညစ်ညမ်း သတင်းတွေကို ပြန်ပြီး ပိုက်ဆံရှာနေတဲ့ ဝက်(ဘ်)ဆိုဒ်တစ်ခု ဖြစ်တဲ့အပြင် တရားဝင် သတင်းမီဒီယာတွေဆီက သတင်းတွေ ခိုးယူသုံးစွဲနေတဲ့ ဝက်(ဘ်)ဆိုဒ်ပဲ ဖြစ်ပါတယ်။

      Tags

      fake news Fake facebook page Japan Coronavirus Corona Myanmar 
      Read Full Article
      Claim :   မြန်မာနိုင်ငံနဲ့ မသက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဓါတ်ပုံအသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ရေးသားထားတဲ့ အကြောင်းကို Boom Myanmar က အချက်အလက် စုဆောင်းပေးထားပါတယ်။
      Claimed By :  Fcaebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!