BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီ Drone ဓါတ်ပုံတွေက မြန်မာနိုင်ငံက...
သတင်းအတု

ဒီ Drone ဓါတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ

လွတ်မြောက်နယ်မြေတွေကို Drone တွေ ရောက်ရှိနေသ‌ယောင်ထင်ယောင်ထင်မှားဖြစ်စေတဲ့ အကြောင်းအရာတွေကို တခြားနိုင်ငံကဓါတ်ပုံတွေနဲ့ ရောနှောဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  8 Oct 2021 9:38 AM IST
  • ဒီ Drone ဓါတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ

    အဆိုပါ သတင်းအမှားဟာ အောက်တိုဘာလ ၆ ရက်နေ့ ညပိုင်းက လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံနှံ့လာတာဖြစ်ပြီး အဲ့ဒီသတင်းအမှားကို ဖြန့်ဝေရာမှာ ဓါတ်ပုံ ၄ ပုံခန့်ကို အသုံးပြုထားပြီး "လွတ်မြောက်နယ်မြေများသို့ ဒရုံးများအချို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရှိရ" ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေကြတာဖြစ်ပါတယ်။

    ၎င်းအသုံးပြုထားတဲ့ ဓါတ်ပုံ ၄ ပုံမှာ ယာတီတဲထိုးထားပြီး ကား ၃ စီးခန့်ရပ်ထားက Drone ပစ္စည်းတွေ ချထားတဲ့ပုံဖြစ်ပါတယ်။ ဒုတိတစ်ပုံမှာတော့ Drone ပျံဖို့ အဆင်သင့်ပြင်ထားတဲ့ပုံဖြစ်ပါတယ်။ တတိယပုံနဲ့ စတုထ္တပုံတွေမှာတော့ Drone က အမြင့်ကိုပျံပြီး လှမ်းရိုက်ယူထားတဲ့ ပုံတွေ ဖြစ်ပါတယ်။

    မူရင်းဖြန့်ဝေထားမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်တွေက ထပ်ဆင့်ဝေမျှနေသလို ကူးယူဖော်ပြသူတွေလည်း ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ထိန်းချုပ်နယ်မြေတွေကို Drone တွေ ရောက်ရှိနေပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ Drone အသုံးပြုသူတွေရှိတဲ့ Faecbook Group တစ်ခုပေါ်တင်ထားတဲ့ ဓါတ်ပုံတွေကိုပြန်ယူပြီး သတင်းအမှားဖြန့်ထားတာကို တွေ့ရပါတယ်။

    အဆိုပါ ဓါတ်ပုံတွေဟာ "Fixed Wing Drone, VTOL Drone ,Dual Zoom Camera Mapping Surveillance" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ တောမီးလောင်ကျွမ်မှုတွေ ထိန်းချုပ်ဖို့ ထောက်လှမ်းနိုင်တဲ့ ကင်မရာ ၂ လုံးပါဝင်တဲ့ Drone ကို ပျံသန်းပြီး ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။

    Drone တွေ စမ်းသပ်ပျံသန်းကြောင်း မူရင်းတင်ထားတဲ့ အကြောင့်အရာကို ဒီမှာ ကြည့်ပါ။


    ဒီပုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံက ထိန်းချုပ်နယ်မြေတွေကို Drone တွေရောက်နေပြီလို့ သတင်းအမှား ဖြန့်ထားကြတာ ဖြစ်ပါတယ်။


    Tags

    fake newsdronesarmed groupcontrolled areaCoupMilitaryသတင်းအတုလွတ်မြောက်နယ်မြေ
    Read Full Article
    Claim :   ထိန်းချုပ်နယ်မြေတွေကို Drone တွေ ရောက်ရှိနေပြီလို့ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!