BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီထံမှာ ဒေါက်တာဇော်ဝေစိုး...
      သတင်းအတု

      စစ်ကောင်စီထံမှာ ဒေါက်တာဇော်ဝေစိုး လာရောက်အဖမ်းခံမယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီရဲ့ တရားစွဲဆိုမှုကို ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် လာရောက်အဖမ်းခံမယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar | 30 April 2022 2:35 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • စစ်ကောင်စီထံမှာ ဒေါက်တာဇော်ဝေစိုး လာရောက်အဖမ်းခံမယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ အကြောင်းအရာကို သိမ့်သိမ့်သူ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၂၈ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်မှာ တင်ထားတာ ဖြစ်ပြီး ၎င်းပိုစ့်ရဲ့ ခေါင်းစဉ်မှာ "နစက တရားစွဲဆိုထားမှု ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် လာရောက်အဖမ်းခံမည်" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "အဓိကကတော့ ကြောက်လို့ပါ... ပြည်ပမှာနေလည်း မလုံခြုံသလို ခံစားရတယ်။ ဒီပြည်ပအထိတောင် စကစရဲ့ အာဏာကလွှမ်းမိုးတယ်ပေါ့။ ခနခနဝရမ်းထုတ်နေတော့ တစ်နေ့နေ့တော့အဖမ်းခံရမှာပဲလေ မထူးဘူး။ တကယ်တမ်းအာဏာရှိတာက တပ်ထောက်ခံသူတွေပါ။ သူတို့ခေါင်းဆောင်တွေက ပညာမတတ်ဘူး။ တပ်ထောက်ခံတွေ ခိုင်းသလိုလုပ်နေရတာ။ အောက်ခြေစစ်သားတွေတော့ အလကားနေရင်း ခံရတာပေါ့" လို့ ရေးသားထားကာ ဟန်ငြိမ်းဦး အမည်ခံ စစ်တပ်ထောက်လှမ်းရေးအဖွဲ့ကြောင့် NUG ထောက်ခံသူတွေ သိပ်မကျန်တော့အောင် အဖမ်းခံနေရကြောင်း၊ ဧပြီလ အကုန်မှာ စစ်တပ်က စီစဉ်ပေးတဲ့ ရဟက်ယာဉ်နဲ့ လာရောက်အဖမ်းခံတော့ မှာဖြစ်ကြောင်း ၎င်းပိုစ့်ထဲမှာ ရေးသားထားပါတယ်။ ၎င်းပိုစ့်ရဲ့ အောက်ဆုံး ရေးသားသူ နေရာမှာတော့ ခေတ်ဘုန်းခ ဆိုသူ ရေးသားထားတဲ့ သတင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ များစွာရှိနေပြီး ထပ်ဆင့်ဝေမျှထားသူ ကူးယူဖော်ပြသူတွေ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      NUG အစိုးရ အဖွဲ့ဝင် ဒေါက်တာဇော်ဝေစိုး က စစ်ကောင်စီထံ ဧပြီလ အကုန်မှာ လာရောက်အဖမ်းခံမယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

      ၎င်း သတင်းအမှားထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာကို ဒေါက်တာဇော်ဝေစိုးက မည်သည့် သတင်းမီဒီယာကိုမှ ပြောဆို ဖြေကြားထားခြင်း မရှိပါဘူး။ ဒေါက်တာဇော်ဝေစိုးဟာ တော်လှန်ရေးကို ပြီးဆုံးတဲ့အထိ လုပ်မယ်လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေ၊ သတင်းမီဒီယာတွေမှာ မကြာခဏ ပြောကြားလေ့ရှိပါတယ်။ ဒေါက်တာဇော်ဝေစိုးဟာ ဒီနေ့အချိန်ထိ စစ်ကောင်စီကို အရေးယူဖို့ နိုင်ငံတကာနဲ့ ချိတ်ဆက်တာတွေ၊ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။

      ဒေါက်တာဇော်ဝေစိုးရဲ့ လုပ်ဆောင်ချက်တွေကို ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဖြစ်တဲ့ ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

      ဒီအကြောင်းအရာကို ရေးသားဖြန့်ဝေထားသူဟာ ခေတ်ဘုန်းခ အမည်နဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေသူဖြစ်ပြီး ၎င်းရဲ့ နာမည်နဲ့ ဖေ့စ်ဘွတ် Group ထောင်ထားကာ PDF တွေ၊ NUG အဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေသူဖြစ်ပါတယ်။ ခေတ်ဘုန်းခ နာမည်နဲ့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်ဂရုကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


      Tags

      Fake newsNUGarrestMilitaryCoupသတင်းအတုစစ်ကောင်စီ
      Read Full Article
      Claim :   နစက တရားစွဲဆိုထားမှု ဒေါက်တာဇော်ဝေစိုးကိုယ်တိုင် လာရောက်အဖမ်းခံမည်
      Claimed By :  facebook
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!