BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လူငယ်တွေကို အိမ်ပြန်ကြဖို့...
သတင်းအတု

လူငယ်တွေကို အိမ်ပြန်ကြဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ် ဆိုတဲ့ သတင်းအတု

NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးလုပ်နေတဲ့ လူငယ်တွေကို အိမ်ပြန်ဖို့ ပြောထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2021 2:55 PM IST
  • လူငယ်တွေကို အိမ်ပြန်ကြဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဒေါက်တာဇော်ဝေစိုး ဖေ့စ်ဘွတ်မှာ ရေးသားထားတာကို Screen shot ရိုက်ယူထားတဲ့ ပုံဖြစ်အောင် Photoshop နဲ့ ပြုပြင်ပြီး ဖြန့်ထားတာ ဖြစ်ပါတယ်။ ၎င်း screen shot ပုံပေါ်မှာ "ခဏနေ ပြန်ဖက်မယ့် Post ပါ" လို့ အစချီရေးထားပြီး "သားတို့ရေ သမီးတို့ရေ မအောင်မြင်တဲ့ တော်လှန်ရေးအတွက် အရင်ဦးဆုံး ပြောချင်တာက ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် လက်တင် အလေးပြုရင်း တောင်းပန်ပါတယ်လို့ စိတ်ရင်းအမှန်နဲ့ ပြောလိုပါတယ်။ မအောင်မြင်တဲ့ တော်လှန်ရေးမှာ ဆရာနဲ့ NUG ထိပ်ပိုင်းခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ အဲဒီတာဝန်ကို ဆရာတို့ လူကြီးပိုင်းတွေတာဝန်ခံပါမယ်။ ဝမ်းနဲတယ်ဆိုတဲ့ စကားထက် ပြောဖို့ စကားမရှိတော့ပါဘူး။ သားတို့ သမီးတို့ မိဘရပ်ထံ ပြန်ကြပါ။ ပြန်ဖြစ်အောင် ပြန်ကြပါ။ တော်လှန်ရေးအတွက် အချိန်လိုပါတယ်။

    ဆရာတို့ လူကြီးပိုင်းတွေ နိုင်ငံရေးနည်းနဲ့ အဖြေရှာပါ့မယ် အောင်မြင်အောင်လည်း လုပ်မယ် လို့ ဂတိပေးပါတယ်။ စို့နင့်ကြေကွဲစွာနဲ့ ထပ်ပြောပါမယ်။ ဆရာတို့ရဲ့ လက်နှက်ကိုင် တော်လှန်ရေး ကျဆုံးသွားပါပြီ။" (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသား ဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ဒေါက်တာဇော်ဝေစိုးနာမည် အသုံးပြုပြီး တော်လှန်ရေး မအောင်မြင်တော့တဲ့အတွက် လူငယ်တွေကို အိမ်ပြန်ဖို့ ပြောထားတဲ့ Screen Shot ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ၎င်းတို့ ဖြန့်ထားတဲ့ Screen Shot နဲ့ ပတ်သက်ပြီး ဒေါက်တာဇော်ဝေစိုးက သတင်းအမှားဖြစ်ကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ "ကြည့်ရတာ စကစနဲ့ သူ့အဖွဲ့တွေ ကြောက်နေကြပြီ" လို့ ရေးသားကာ မှတ်ချက်ပြုထားပါတယ်။ အဲ့ဒီ Screen Shot ကို သတင်းအမှား ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီမှာ ကြည့်ပါ။


    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ Account အများစုဟာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်းမရှိတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံတဲ့ ပိုစ့်တွေ အဆက်မပြတ်ရေးသားကာ NUG၊ CRPH နဲ့ PDF တွေ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ ပိုစ့်တွေ အဆက်မပြတ် ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။


    Tags

    PDFMilitaryNUGCRPHCouprevolutionသတင်းအမှားတော်လှန်ရေးစစ်ကောင်စီ
    Read Full Article
    Claim :   တော်လှန်ရေးမအောင်မြင်တော့လို့ လူငယ်တွေကို အိမ်ပြန်ကြဖို့ ဒေါက်တာဇော်ဝေစိုးပြော
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!