BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါက်တာဇော်မြင့်မောင်...
သတင်းအတု

ဒေါက်တာဇော်မြင့်မောင် ပြောတယ်ဆိုတဲ့သတင်းအတု

တပ်မတော်မှ ထုတ်ပြန်တဲ့ မဲစာရင်းများသည် မှန်ကန်မှုမရှိတဲ့အတွက် တုံပြန်ဖြေရှင်းသားွမှာ မဟုတ်ပဲ အစိုးရ ဖွဲ့စည်းရေးကိုသာ ဦးတည်လုပ်ဆောင်သွားမယ်လို့ NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ပြောထားတယ်ဆိုတဲ့သတင်းအတုတွေ လူမှုကွန်ရက်ပေါ်ပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2021 1:28 AM IST
  • ဒေါက်တာဇော်မြင့်မောင် ပြောတယ်ဆိုတဲ့သတင်းအတု

    ဒီအကြောင်းအရာကို Nang Khan Phyu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းက ပိုစ့်တင်ခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေမှုတွေလည်း ရှိခဲ့ပါတယ်။

    ဖြန့်ဝေရာမှာ ရေးသားထားတာက "မဲစာရင်းများနှင့်ပတ်သက်ပြီး တပ်မတော်မှ ထုတ်ပြန်ချက်များသည် မှန်ကန်မှုမရှိသဖြင့် ပြန်လည်တုန့်ပြန် ဖြေရှင်းသွားမည် မဟုတ်ပဲ အစိုးရဖွဲ့စည်းရေးကိုသာ ဦးတည်လုပ်ဆောင်သွားမည်ဟု NLD ပါတီ ဒုဥက္ကဌ(၁) ဒေါက်တာဇော်မြင့်မောင်မှ ပြောကြား လိုက်ကြောင်း သိရှိရသည်။ ကဲ ... ရွှေဘတို့ရေ ... စိန်ခေါ်လိုက်ပြီနော်" ဆိုပြီး ရေးသားထားတာပါ။

    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေသူ Nang Khan Phyu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်အား လေ့လာကြည့်တဲ့အခါအဆိုပါအကောင့်ဟာ တပ်မတော်ကို အားပေးထောက်ခံသည့်အကြောင်းအရာအမြောက်အများကိုဝေမျှသူဖြစ်ပြီး လက်ရှိအစိုးရအပေါ် တိုက်ခိုက်ပြောဆိုမှု အများအပြား ရေးသားဖြန့်ဝေနေတာလည်း တွေ့ရပါတယ်။

    ဖြန့်ဝေရေးသားချက်မှာလည်း အစိုးရနဲ့ တပ်မတော်အကြား နားလည်မှုလွဲစေရန် ရေးသားထားတာဖြစ်ပါတယ်။

    ဒါနဲ့ ပါတ်သတ်ပြီး NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က "တပ်မတော်မှ ထုတ်ပြန်ချက်များသည် မှန်ကန်မှုမရှိသဖြင့်ဆိုတာကို ဒေါက်တာဇော်မြင့်မောင် ပြောဆိုမှုမရှိဘူး။ အထူးသဖြင့် သူတို့က တပ်မတော်ကို အဖွဲ့ချုပ်နဲ့ တမင်ရန်တိုက်ပေးတဲ့ သဘောမျိုး ဒီရက်ထဲမှာ တော်တော်လေး ထွက်တယ်ခင်ဗျ။ အဲ့ဒီလို ရည်ရွယ်ချက်နဲ့ တမင်ထွက်တဲ့ သတင်းလို့ ကျွန်တော်တို့ ထင်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ဥပဒေအရ လုပ်ဆောင်နေမှုဟာ ဘယ်သူ့ကိုမှ ထိခိုက်ဖို့ မဟုတ်ဘူး။ တပ်မတော်ကို ဝေဖန်တိုက်ခိုက်နေတာလည်း မဟုတ်ဘူး။ တပ်မတော်နဲ့ အဖွဲ့ချုပ်ကြား နားလည်မှု လွဲမှားဖို့ ရည်ရွယ်ပြီးလုပ်တဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ သူတို့က စကားလုံးအနည်းငယ် ထည့်ထားရုံနဲ့ ပိုမိုပြောင်းလဲလိုက်ရုံနဲ့ ကျွန်တော်တို့ အဓိပ္ပါယ်ကို တစ်မျိုးသက်ရောက်သွားအောင် ကြိုးစားလုပ်ဆောင်ထားတယ်လို့ မြင်ပါတယ်" လို့ ပြေပါတယ်။

    Tags

    Voter listမဲစာရင်းများFormation of governmentအစိုးရ ဖွဲ့စည်းရေးfake news
    Read Full Article
    Claim :   တပ်မတော်မှ ထုတ်ပြန်တဲ့ မဲစာရင်းများသည် မှန်ကန်မှုမရှိတဲ့အတွက် တုံပြန်ဖြေရှင်းသားွမှာ မဟုတ်ပဲ အစိုးရ ဖွဲ့စည်းရေးကိုသာ ဦးတည်လုပ်ဆောင်သွားမယ်လို့ NLD ပါတီ ဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ပြောထားတယ်ဆိုပြီး လူမှုကွန်ရက်ပေါ်ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!