BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Authors-icon
        Authors
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါက်တာ တေဇာစန်း နေပြည်တော်မှာ...
      သတင်းအတု

      ဒေါက်တာ တေဇာစန်း နေပြည်တော်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအတု

      အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တောက်လျှောက်လုပ်နေတဲ့ ဒေါက်တာ တေဇာစန်းကို နေပြည်တော်မှာ ဖမ်းဆီးပြီး ကားနဲ့ဆွဲခေါ်ခံရတယ်ဆိုတဲ့ သတင်းအမှားတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက် ပျံ့နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar | 28 Sep 2021 12:54 PM GMT
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
    • ဒေါက်တာ တေဇာစန်း နေပြည်တော်မှာ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအတု

      စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူအဖြစ် ထင်ရှားတဲ့ ဒေါက်တာတေဇာစန်းဟာ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာဖြစ်ပါတယ်။

      ဒီလို ဖြန့်ဝေရာမှာ "ဒေါက်တာ တေဇဆန်းကို အခု ၈ နာရီ ဖမ်းမိသွားပြီ။ လုပ်ကြပါအုံးဗျာ။ ကားနဲ့ဆွဲခေါ်သွားတာ" လို့ ရေးသားထားပြီး ၅ မိနစ်နီးပါ ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားတာဖြစ်ပါတယ်။

      ရုပ်သံဖိုင်ရဲ့ အစမှ "ဒေါက်တာတေဇာစန်း နေပြည်တော်မှာ ဖမ်းဆီးခံရပြီး အရေးပေါ် အခြေအနေဖြစ်နေပါတယ်။ အနီးအနားက ပြည်သူများ ဒေါက်တာတေဇာစန်းကို ဝိုင်းဝန်းကူညီကြဘို့လည်း NUG အစိုးရက ကြေငြာလိုက်ပါတယ်။ ဒေါက်တာတေဇာစန်း သတင်းကို မတင်ပြမီ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သွေးထွက်သံယိုမှုတွေနဲ့ အကြပ်အတည်းတွေကို တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းကနေ အဖြေရှာဘို့ နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေးနေပါတယ်။" လို့ ပြောကြားထားပေမယ့် ရုပ်သံဖိုင်ပြီးဆုံးတဲ့ အထိ ဒေါက်တာတေဇာစန်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပါဝင်ခြင်းမရှိပါဘူး။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတဲ့ ရုပ်သံဖိုင်ထဲမှာ ဒေါက်တာတေဇာစန်း အဖမ်းခံရကြောင်းနဲ့ NUG အစိုးရက ဝိုင်းဝန်းကူညီကြဖို့ ကြေညာတယ်ဆိုတဲ့အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုသာ ဖြစ်ပါတယ်။

      ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ ဘယ်သတင်းမီဒီယာမှာမှ ဖော်ပြထားခြင်း မရှိသလို NUG အစိုးရရဲ့ သတင်းထုတ်ပြန်နေတဲ့ ချန်နယ်တွေမှာလည်း ကြေညာထားခြင်း မရှိပါဘူး။ NUG အစိုးရရဲ့ ဖေစ့်ဘွတ်စာမျက်နှာကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒေါက်တာတေဇာစန်းဟာ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို မန္တလေးမြို့မှာ ဖဖေါ်ဝါရီလ ၄ ရက်နေ့က စတင် ဦးဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ထားဆဲသာရှိပါတယ်။

      Tags

      arrested arrested people Fakenews Fake video Military Coup military council Dr. Tay Zar San 
      Read Full Article
      Claim :   ဒေါက်တာ တေဇာစန်း နေပြည်တော်မှာ ဖမ်းဆီးခံရပြီး ကားနဲ့ဆွဲခေါ်ခံရတယ်ဆိုတဲ့အကြောင်းအရာတွေဟာာ သတင်းအမှားတွေသာဖြစ်ပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • Print
      • link
      Next Story
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      • Facebook
      • Twitter
      • Whatsapp
      • Telegram
      • Linkedin
      • Email
      • link
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!