BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဦးသန်းရွှေရဲ့သားမက်...
      သတင်းအတု

      ဦးသန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင် ဖမ်းခံရတယ် ဆိုတဲ့ သတင်းအမှား

      စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် ဖမ်းခံရတယ် ဆိုတဲ့ သတင်းအမှားဖြန့်ဝေထားတဲ့ Video တွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  29 March 2022 10:49 AM IST
    • ဦးသန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင် ဖမ်းခံရတယ် ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို Bulk Vid ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂၅ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး ၅ မိနစ်နဲ့ ၃ စက္ကန့်ကြာတဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ ၎င်း Video ဟာ ဓါတ်ပုံတွေကို အသုံးပြုထားကာ နောက်ခံ အသံနဲ့ ထပ်ထားတဲ့ Video တစ်ပုဒ် ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ဓါတ်ပုံပေါ်မှာ ဒေါက်တာနေစိုးမောင်ကို လက်ထိပ်ခတ်ထားပြီး ရဲ ၄ ယောက်ဖမ်းခေါ်လာတဲ့ ပုံဖြစ်ကာ၊ ကျန်တစ်ဖက်မှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေရဲ့ ပုံကို အသုံးပြုထားပါတယ်။ အဆိုပါ ဓါတ်ပုံတွေရဲ့ အပေါ်မှာ "ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် အဖမ်းခံရလို့ ဦးသန်းရွှေ ပေါက်ကွဲနေပြီ" လို့ ရေးသားထားပါတယ်။ ၎င်း Video နဲ့ အတူ "ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင် အဖမ်းခံလိုက်ရပြီ" ဆိုတဲ့ ခေါင်းစဉ်ကို ရေးသားပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။

      မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၁၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၂၀၀ ကျော်ရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေရဲ့ သားမက် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူ များအောင် လုပ်ကြံဖန်တီးထားတဲ့ Video တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

      ဒီ Video တွေဟာ သတင်းခေါင်းစဉ်ကို လူအများစိတ်ဝင်စားအောင် ရေးသားလေ့ရှိပြီး ဝင်ရောက်ကြည့်ရှု့သူ အရေအတွက်နဲ့ ဝင်ငွေပြန်ရှာနေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ သတင်းခေါင်းစဉ်မှာ ရေးသားထားတဲ့ အကြောင်းအရာဟာ သတင်းအတွင်းမှာ လုံးဝ ပါဝင်ခြင်း မရှိပါဘူး။

      အခု Video မှာ ဆိုရင်လည်း ခေါင်းစဉ်မှာ ဒေါက်တာနေစိုးမောင် ဖမ်းခံရတယ်လို့ ရေးသားထားပေမယ့် အတွင်းမှာတော့ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းခဲ့တဲ့ အကြောင်းကိုသာ ဖော်ပြထားပါတယ်။

      ဒေါက်တာနေစိုးမောင် ဖမ်းခံရတယ် ဆိုတဲ့ သတင်းက မကြာခဏ လူမှုကွန်ယက်ပေါ် ထွက်ပေါ်လေ့ရှိသလို တချို့ကလည်း စစ်ကောင်စီကို ဝေဖန်လေ့ရှိတဲ့ ဒေါက်တာနေစိုးမောင် အဖမ်းမခံရသေးဘူးလား လို့ ၎င်းရဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေမှာ မကြာခဏ Comment သွားရေးလေ့ရှိကြပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ ဖမ်းဆီးခံထားရခြင်းလည်း မရှိသလို လူမှုကွန်ယက်ပေါ်မှာလည်း မကြာခဏ ၎င်းစက်ဘီးစီးတာတွေ၊ အပြင်သွားတာတွေ၊ အလှူအတန်းလုပ်တာတွေလည်း တင်လေ့ရှိပါတယ်။ ဒေါက်တာနေစိုးမောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


      Tags

      Fake newsMilitaryCoupArrestGeneral Than Shweသတင်းအတုအာဏာသိမ်းစစ်ကောင်စီ
      Read Full Article
      Claim :   ဦးသန်းရွှေရဲ့ သမက် ဒေါက်တာနေစိုးမောင် အဖမ်းခံရ
      Claimed By :  facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!