BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၂၀၁၇ NATO ညီလာခံမှာ ဒေါ်နယ်ထရမ့်...
သတင်းအတု

၂၀၁၇ NATO ညီလာခံမှာ ဒေါ်နယ်ထရမ့် အိပ်ပျော်နေတယ်ဆိုတဲ့ သတင်းအတု

၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ NATO ညီလာခံမှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် အိပ်ပျော်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Aug 2024 9:33 PM IST
  • ၂၀၁၇ NATO ညီလာခံမှာ ဒေါ်နယ်ထရမ့် အိပ်ပျော်နေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် သုံးစွဲသူတွေကြားမှာ ဖြန့်ထားကြတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ အမေရိကန် သမ္မတဟောင်း ထိုင်ခုံတစ်ခုမှာထိုင်ကာ ခေါင်းငိုက်နေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ တွဲတင်ထားတာဖြစ်ပြီး “၂၀၁၇ ခုနှစ် NATO အစည်းအဝေးမှာ Trump အိပ်ပျော်သွားတဲ့အကြောင်း သတိရလား။ သူက အရှက်ရ စရာပါပဲ။ ဒါပေမဲ့ အမေရိကန်မီဒီယာကတော့ တခွန်းမှ မပြောခဲ့ပါဘူး” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ဓါတ်ပုံကို အသုံးပြုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ လူမှုကွန်ယက်တွေပေါ် ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ NATO ထိပ်သီး ညီလာခံမှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် အိပ်ပျော်နေတယ်ဆိုတဲ့ ဓါတ်ပုံကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    မူရင်းဓါတ်ပုံဟာ EPA က ရိုက်ကူးထားတဲ့ ဓါတ်ပုံဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ NATO အဖွဲ့ရဲ့ ရုံးချုပ်အသစ်ဖွင့်ပွဲအခမ်းအနားမှာ NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ဘေးမှာ ခေါင်းငုံ ထိုင်နေတဲ့ အမေရိကန်သမ္မတဟောင်း Donald J. Trump ရဲ့ ဓါတ်ပုံသာဖြစ်ပါတယ်။

    EPA က ရိုက်ကူးထားတဲ့ ဓါတ်ပုံရဲ့ Caption မှာလည်း သမ္မတဟောင်း ထရမ့်က ခေါင်းငုံထိုင်နေတယ်လို့သာ ဖော်ပြထားခြင်းဖြစ်ပြီး ဒီပုံကိုယူက ထရမ့်အိပ်ပျော်နေတယ်လို့ သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။ EPA က ရိုက်ကူးထားတဲ့ မူရင်းဓါတ်ပုံကို ဒီနေရာမှာ ကြည့်ပါ။

    အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်နေကြတဲ့ ကာလတွေမှာ သမ္မတဟောင်း ထရမ့်ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏထွက်ပေါ်နေပြီး အခုလို ဖြန့်ဝေထားကြတာပဲ ဖြစ်ပါတယ်။

    Tags

    Fake newsDonald TrumpNATO summitUS presidentသတင်းအတုဒေါ်နယ်ထရမ့်
    Read Full Article
    Claim :   ၂၀၁၇ ခုနှစ် NATO အစည်းအဝေးမှာ Trump အိပ်ပျော်သွားခဲ့တယ်
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!