BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်နယ်ထရမ့်က မဲဆွယ်ပွဲမှာ...
သတင်းအတု

ဒေါ်နယ်ထရမ့်က မဲဆွယ်ပွဲမှာ မြို့နာမည် မှားပြောတယ်ဆိုတဲ့ သတင်းအတု

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးပွဲမှာ မြို့နာမည်တွေ မှားပြောတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Aug 2024 9:36 PM IST
  • ဒေါ်နယ်ထရမ့်က မဲဆွယ်ပွဲမှာ မြို့နာမည် မှားပြောတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဖြန့်ဝေရာမှာ ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးပွဲမှာ ပြောနေတဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာ ဖြစ်ပါတယ်။ Video အတွင်းမှာ Pennsylvania စာတန်းထိုးထားတဲ့ မိန့်ခွန်းပြောစင်မှာ ထရမ့်က ပြောကြားနေတာဖြစ်ပြီး ၊ သူ့ရဲ့မိန့်ခွန်းကို နားထောင်ဖို့ ၃/ ၄ ရက်ခွဲလောက် မိသားစုတွေနဲ့ စောင့်နေကြတယ်။ သူတို့က တဲလေးတွေထိုးထားကြတယ်။ တဲတွေ ရာချီတောင်ရှိတယ်။ သူကရောက်လာပြီး ၁၅ မိနစ်လောက်ပြောသွားရင် အဆင်ပြေမလား North Carolina လို့ စင်ရဲ့ တစ်ဖက်ကို လက်ညိုးထိုးကာ လှမ်းမေးလိုက်ပါတယ်။ သူတို့က ငါ့ကို တနေကုန် ပြောစေချင်ကြတယ်လို့ ပြောထားပါတယ်။ ဒီ Video ကို ဖြန့်ဝေသူဟာ ထရမ့်က Pennsylvania မှာ ပြောနေတာကို သူ့ကိုယ်သူ North Carolina မှာ ရှိနေတယ်လို့ ထင်နေတယ် လို့ ရေးသားကာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာတွေပေါ် များစွာ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးပွဲမှာ မြို့နာမည်တွေကို Pennsylvania နဲ့ North Carolina မှားပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    ထရမ့်ဟာ ပန်ဆယ်လ်ဗေးနီးယားမှာ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ မိန့်ခွန်းပြောကြားနေတာဖြစ်ပြီး “North Carolina က အဆင်ပြေမလား” လို့ တကယ်ပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ထရမ့်ဟာ မြို့နာမည်တွေ မှားပြောခဲ့တာ မဟုတ်ပါဘူး။ ၎င်းရဲ့ ပွဲထဲမှာ North Carolina က သူတွေလည်း ရှိနေပြီး အဆိုပါ ပရိတ်သတ်တွေကို လှမ်းမေးလိုက်ခြင်းသာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို USA Today နဲ့ AFP တို့က အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း ဒီနေရာနဲ့ ဒီနေရာတွေမှာ ဖတ်နိုင်ပါတယ်။

    အမေရိကန်မှာ ရွေးကောက်ပွဲအတွက် မဲပြိုင်ဆိုင်နေကြတဲ့အချိန်မှာ ထရမ့်အပေါ် မကြာခဏဆိုသလို သတင်းအမှားတွေဖြန့်ပြီး တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။

    Tags

    Fake newsDonald TrumpUS ElectionCampaignသတင်းအတုမဲဆွယ်ပွဲ
    Read Full Article
    Claim :   အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးပွဲမှာ မြို့နာမည်တွေ မှားပြော
    Claimed By :  Facebook, Threads, X
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!