BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်နယ်ထရမ့်က...
သတင်းအတု

ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းအတု

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဟာရီကိန်း မုန်တိုင်း ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  30 Oct 2024 4:21 PM IST
  • ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ရေးသားဖြန့်ဝေနေကြပါတယ်။ ဒီရေးသားဖြန့်ဝေမှုတွေထဲမှာတော့ ထရမ့်က သူ့ရဲ့ ကိုယ်ပိုင် ပိုက်ဆံနဲ့ ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့ပြီး ကမ်မလာဟဲရဟစ်နဲ့ ဂျိုးဘိုက်ဒန်က ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းမျိုးထုတ်ကာ ဖြန့်ဝေနေကြပါတယ်။

    မူရင်းဖော်ပြမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ အကြောင်းအရာကို လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန် ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ထရမ့်က ဟာရီကိန်း မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအပေါ် ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း ပေးခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မရှိခဲ့သလို အထောက်အထားလည်း မရှိပါဘူး။

    နိုင်ငံတကာက Fact Check အဖွဲ့တွေ ကလည်း ဒီအကြောင်းအရာဟာ သတင်းအတုဖြစ်ကြောင်း အချက်အလက် စစ်ဆေးအတည်ပြုထားပါတယ်။ ၎င်းတို့ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာမှာ ကြည့်ပါ။

    ဒီသတင်းအမှားဟာ အမေရိကန်မှာ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ထရမ့်အပေါ် ပုံဖျက်ဖို့ ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Tags

    Fake newsDonald Trumpdonationreliefသတင်းအတုဒေါ်နယ်ထရမ့်စစ်ကောင်စီ
    Read Full Article
    Claim :   ဒေါ်နယ်ထရမ့်က မုန်တိုင်းကယ်ဆယ်ရေးအတွက် ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့
    Claimed By :  Facebook, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!