BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တော်လှန်ရေးနယ်မြေတွေမှာ...
သတင်းအတု

တော်လှန်ရေးနယ်မြေတွေမှာ ကိုယ်ဝန်ဖျက်ချဖို့ ဆရာဝန်တွေ ခေါ်နေတယ်ဆိုတဲ့ သတင်းအတု

တော်လှန်ရေးနယ်မြေတွေမှာ PDF အမျိုးသမီးတွေ လိင်အမြတ်ထုတ်ခံရတယ်ဆိုတာနဲ့ ၎င်းတို့ကို ကိုယ်ဝန်ဖျက်ချဖို့ NUG က ဆရာဝန်တွေကို အကူအညီတောင်းခံနေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ဒီရက်ပိုင်းထဲဖြန့်ဝေလာပါတယ်။

By - Boom Live Myanmar |
Published -  22 Feb 2024 10:12 PM IST
  • တော်လှန်ရေးနယ်မြေတွေမှာ ကိုယ်ဝန်ဖျက်ချဖို့ ဆရာဝန်တွေ ခေါ်နေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ မှိုင်းဝေဆိုတဲ့ တယ်လီဂရမ်ချန်နယ်ကနေ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “သူပုန်နယ်မြေများတွက် PDF အမျိုးသမီးများ လိင်အမြတ်ထုတ်ခံရမှု များပြားနေသည့်အတွက် ကိုယ်ဝန်များဖြတ်ချရန် ပြည်မအတွင်းရှိ ဆရာဝန်များ လာရောက်ကူညီပေးဖို့ NUG အကြမ်းအဖွဲ့မှ စာထုတ်” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်ပါ ဖြန့်ဝေထားကြတာဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    တော်လှန်ရေးနယ်မြေတွေမှာ လိင်အမြတ်ထုတ်ခံရတဲ့ PDF အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချဖို့ NUG က ဆရာဝန်တွေကို အကူအညီတောင်းခံနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြည်နယ်/ ဖက်ဒရယ် ယူနစ်တွေအတွင်းက ဆေးရုံ၊ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ ဆေးဘက်ဆိုင်ရာ နယ်ပယ်အသီးသီးက သူတွေကို ဖိတ်ခေါ်ထားပါတယ်။ ဒီလို ဖိတ်ခေါ်မှုမှာ တော်လှန်ရေးကာလမှာ ပြည်သူ့ဘဝ လုံခြုံမှု ရှိစေဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ထားခြင်းသာ ဖြစ်ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်ပါ။


    ဒီအကြောင်းအရာကို အခြေခံပြီး စစ်တပ်ထောက်ခံသူတွေဘက်က တော်လှန်ရေးနယ်မြေတွေမှာ PDF အမျိုးသမီးငယ်တွေ ကိုယ်ဝန်ဖျက်ချဖို့ NUG က ဆရာဝန်တွေ ဖိတ်ခေါ်နေတယ်လို့ သတင်းအမှားဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာတော့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ သတင်းအမှားတွေ ဆက်တိုက်ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsNUGabortionsrevolutionary areasMilitaryသတင်းအတုကိုယ်ဝန်ဖျက်ချ
    Read Full Article
    Claim :   တော်လှန်ရေးနယ်မြေတွေမှာ လိင်အမြတ်ထုတ်ခံရတဲ့ PDF အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချဖို့ NUG က ဆရာဝန်တွေကို အကူအညီတောင်းခံနေ
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!