သတင်းတွေနဲ့ ဖေစ့်ဘွတ်ပိုစ့်တွေကို ပြုပြင်ကာ ပြန်လည်ရေးသားဖြန့်ဝေနေတဲ့ သတင်းတုတွေ

သတင်းအတု၊ သတင်းမှားဖြန့်လေ့ရှိတဲ့ စစ်တပ်ထောက်ခံသူအများစုက ဒီရက်ပိုင်းမှာ သတင်းတွေနဲ့ ဖေစ့်ဘွတ်ပိုစ့်တွေကို အဖြစ်အပျက်တွေ၊ နာမည်နဲ့ အကြောင်းအရာတွေ ပြောင်းလဲကာ ပုံဖျက်ရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။

သတင်းမှား ဖြန့်ဝေသူတွေက သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေနဲ့ တချို့ဖေစ့်ဘွတ်ပိုစ့်တွေကို သူတို့ဖြန့်ဝေလိုတဲ့ အဖြစ်အပျက်ပုံမျိုး ပြန်လည်ပြင်ဆင်ပြီး သတင်းမှား ဖြန့်ဝေနေတာပါ။အောက်တိုဘာလ ၈ ရက် နေ့လည် ၁ နာရီခွဲခန့်က Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ "စဉ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံရ၍ စစ်တပ်က ရွာကိုဝင်ဖျက်ဆီး၊ ရွာလုံးကျွတ်ပြေးနေရ" ဆိုတဲ့ သတင်းကို မူရင်းသတင်းဌာနကတင်ပြီး ၂ နာရီခန့် အကြာမှပြန်လည်ပြုပြင်ပြီးဖြန့်ဝေခဲ့ပါတယ်။

သတင်းကိုပြန်လည်ပြုပြင်ဖြန့်ဝေရာမှာတော့ "စဉ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံပြီး PDFက ရွာကိုဝင်ဖျက်ဆီး၊ ရွာလုံးကျွတ်ပြေးနေရ" ဆိုတဲ့ခေါင်းစဉ်နဲ့ ပုံဖျက်ကာ PDF အဖွဲ့တွေက ရွာကိုဝင်ဖျက်ဆီးတယ်လို့ ရေးသားဖြန့်ဝေနေတာပါ။

မူရင်းသတင်းနဲ့ ပုံဖျက်ရေးသားထားတဲ့ သတင်းတွေကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။


မူရင်းသတင်းနဲ့ ပုံဖျက်ရေးသားထားတဲ့ သတင်းတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

နောက်ထပ်တစ်ပုဒ်အနေနဲ့ နိုဝင်ဘာလ ၅ ရက်နေ့ ဝန်းကျင်မှာ ဖေစ့်ဘွတ်ပေါ်မှာ ပြန့်နှံ့နေတဲ့ ထားဝယ်က စစ်ဘေးရှောင်တွေရဲ့ ပုံနဲ့ စာ တွေကို ကူးယူပြီး PDF တွေကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ ဒုက္ခရောက်နေရသလို ပြန်လည်ဖြည့်စွက်ရေးသားကာ ပုံဖျက် ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။


ဖေစ့်ဘွတ်စာမျက်နှာတွေပေါ် ဖြန့်ဝေနေတဲ့ မူရင်းပိုစ့်မှာ မြန်မာပြည်အစွန်အဖျားက တိုင်းရင်းသားတွေကို စာနာနားလည်စေဖို့နဲ့ သူတို့ကို ကျေးဇူးတင်ကြောင်း ရေးသားထားတာ ဖြစ်ပေမယ့် ပြန်လည်ပုံဖျက်ထားတဲ့ ဖြန့်ဝေမှုတွေမှာတော့ "PDF တွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေကြောင်းနဲ့ PDF တွေကို အပြီးချေမှုန်းရမယ်" လို့ ပြင်ဆင်ရေးသား ဖြန့်ဝေနေတာပါ။


ရေးသားဖြန့်ဝေနေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

Claim :   သတင်းအတု၊ သတင်းမှားဖြန့်လေ့ရှိတဲ့ စစ်တပ်ထောက်ခံသူအများစုက ဒီရက်ပိုင်းမှာ သတင်းတွေနဲ့ ဖေစ့်ဘွတ်ပိုစ့်တွေကို အဖြစ်အပျက်တွေ၊ နာမည်နဲ့ အကြောင်းအရာတွေ ပြောင်းလဲကာ ပုံဖျက်ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.