BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒါရိုက်တာကိုပေါက်...
      သတင်းအတု

      ဒါရိုက်တာကိုပေါက် ကျည်ထိမှန်သေဆုံးတယ် ဆိုတဲ့သတင်းအတု

      အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဒါရိုက်တာကိုပေါက် တိုက်ပွဲမှာ ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ရေးသားဖြန့်ဝေထားတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  28 April 2023 3:32 PM IST
    • ဒါရိုက်တာကိုပေါက် ကျည်ထိမှန်သေဆုံးတယ် ဆိုတဲ့သတင်းအတု

      အဆိုပါ သတင်းအတုကို Sitt Min Paing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ကိုပေါက်ရဲ့ ဓါတ်ပုံပေါ်မှာ “ဒါရိုက်တာကိုပေါက် စစ်တွေတိုက်ပွဲမှာ ရင်ဘတ် ကျည် ၃ ချက် ထိမှန်ပြီး ကျရှုံးသွားတယ်လို့ PDF ခေါင်းဆောင်တစ်ဦး အတည်ပြုလိုက်ပါပြီ” လို့ရေးသားထားပါတယ်။

      ဒီဓါတ်ပုံနဲ့အတူ “နောက်တန်မှာ ထမင်းချက်နေတဲ့ချက်ကြီးက ကျည် ၃ ချက်ထိပြီး ဗိုက်ပွင့်သွားသတဲ့။ အရက်သောက် ဆေးကွဲပြီး အချင်းချင်း ဆော်ကုန်ကြပြီလား။ ဆန်ကုန်မြေလေးဖြစ်လို့ အင်အားလျော့တဲ အထဲပါသွားသလား စဥ်းစားစရာပဲ။ ပဒက်တွေရဲ့ဘဝက ပြန်လမ်းမရှိ စုပ်လည်းဆူး ဆားလားရူး ဘဝရောက်နေကြပြီ” (အရေးအသား မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို စစ်ကောင်စီထောက်ခံသူ အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒါရိုက်တာကိုပေါက် ရင်ဘတ်ကို ကျည် ၃ ချက် ထိမှန်ပြီး သေဆုံးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒါရိုက်တာကိုပေါက်ဟာ ကျည်ထိမှန်ခြင်းလည်း မရှိသလို သေဆုံးခြင်းလည်း မရှိပါဘူး။ ကိုပေါက်ဟာ လွတ်မြောက်နယ်မြေမှာ ဘေးကင်းစွာ ရှိနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီလွတ်မြောက်နယ်မြေကနေ ရန်ပုံငွေရှာပေးခြင်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကလည်း ပိုစ့်တွေ ဓါတ်ပုံတွေ Video တွေ ပုံမှန်တင်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၇ ရက်နေ့အထိ သူကိုယ်တိုင်သုံးတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သူရုကိကူးတဲ့ဇာတ်ကားကြော်ငြာနဲ့ပတ်သက်တဲ့ Campaign တွေရေးသားနေဆဲဖြစ်ပြီး သူသေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ဘာ်အဖွဲ့အစည်းက မှထုတ်ပြန်တာ အသိပေးထားတာမျိုးလည်း ရှိမနေပါဘူး။

      ဒါရိုက်တာ ကိုပေါက် ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်းဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တု ဖြစ်တာကို တွေ့ရပြီး NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့်သတင်းတွေ ပုံမှန်ဖြန့်နေတာ တွေ့ရပါတယ်။

      Tags

      Fake newsdirector Ko PaukDiedMilitaryPDFNUGသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   ဒါရိုက်တာကိုပေါက် တိုက်ပွဲမှာ ရင်ဘတ် ကျည် ၃ ချက် ထိမှန်ပြီး ကျရှုံးသွားတယ်လို့ PDF ခေါင်းဆောင်တစ်ဦး အတည်ပြု
      Claimed By :  Facebook, Telegram
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!