BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လေယာဉ်ပစ် လက်နက်ရပြီလို့...
သတင်းအတု

လေယာဉ်ပစ် လက်နက်ရပြီလို့ ဒေါ်ဇင်မာအောင် အတည်ပြုတယ်ဆိုတဲ့ သတင်းအတု

လေယာဉ်ပစ် လက်နက်တွေ ရရှိပြီလို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က အတည်ပြုထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 Jun 2023 11:59 AM IST
  • လေယာဉ်ပစ် လက်နက်ရပြီလို့ ဒေါ်ဇင်မာအောင် အတည်ပြုတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Shwe Win ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၇ ရက်နေ့ ညပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သတင်းကြေညာနေသူ တစ်ဦးရယ် ဒေါ်ဇင်မာအောင်ရဲ့ ဓါတ်ပုံရယ်ကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၃ ရက်နေ့ လေယာဉ်ပစ် လက်နက်ရပြီ။ NUG ဝန်ကြီးအတည်ပြု” လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ “သတင်းကောင်း ဒေါ်ဇင်မာအောင် အတည်ပြုပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို Like လုပ်ထားသူ ၂၆၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု ထားသူ ၄ သိန်းခွဲကျော်ရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    လေယာဉ်ပစ် လက်နက်တွေ ရပြီလို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင် အတည်ပြုတယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါ်ဇင်မာအောင်က လေယာဉ်ပစ် လက်နက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အတည်ပြုပြောဆိုထားခြင်း မရှိပါဘူး။ ဒေါ်ဇင်မာအောင် နာမည်သုံးပြီး မကြာခဏ ထွက်ပေါ်လာလေ့ရှိတဲ့ သတင်းအမှားတွေနဲ့ ပတ်သတ်ပြီးတော့လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ False Hope သဘောမျိုးဖြစ်စေတဲ့ သတင်းစကားတွေကို ပြောလေ့မရှိကြောင်း ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တုန်းက ဒေါ်ဇင်မာအောင် ပြောထားတဲ့ အကြောင်းအရာကို ဒီနေရာမှာ ကြည့်ပါ။


    ဒါ့အပြင် သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ ဒေါ်ဇင်မာအောင်ရဲ့ အင်တာဗျူး သတင်းတစ်ပုဒ်ကို ပြန်လည်ဖော်ပြထားပြီး ၎င်း အင်တာဗျူးအတွင်းမှာလည်း လေယာဉ်ပစ် လက်နက်နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ အတည်ပြု ပြောဆိုထားခြင်း မရှိပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsNUGMilitaryCoupanti-aircraftweaponsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   လေယာဉ်ပစ် လက်နက် ရရှိပြီလို့ ဒေါ်ဇင်မာအောင် အတည်ပြု
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!