BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ပြန်ပြိုင်မယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး ၂၀၂၄ မှာ ရွေးကောက်ပွဲ ပြန်ပြိုင်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Dec 2023 8:10 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ပြန်ပြိုင်မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဖြန့်ထားတာ သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပြီး Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ဆွဲနုတ်ဆက်နေတဲ့ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ ဓါတ်ပုံ ၂ ပုံကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ဆွေးနွေးမှု ပြီးဆုံး(ရုပ်/သံ)၊ ဒေါ်စု ရာသက်ပန် လွတ်ပြီ၊ ၂၀၂၄ ရွေးကောက်ပွဲမှာ ပြန်ပြိုင်ကြမယ်” (မူရင်း ရေးသားဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ Video အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လာဖို့ သေချာနေကြောင်း ဖော်ပြထားပါတယ်။

    မူရင်းဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၃ ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၇၂၀၀၀ ကျော်ရှိကာ Like လုပ်ထားသူ ၉၀၀ နီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး ၂၀၂၄ မှာ ရွေးကောက်ပွဲ ပြန်ပြိုင်မယ်ဆိုလို့ ဖြန့်ထားတဲ့ YouTube Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မတရားထောင်ဒဏ်တွေ ချမှတ်ထားပြီး အထူးအယူခံတွေ၊ အဂတိမှုအတွက် အယူခံတွေကိုလည်း ပယ်ချထားပြီး နေပြည်တော် အချုပ်ထောင်ထဲမှာ ဆက်လက် ဖမ်းဆီးထားဆဲသာ ဖြစ်ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီဟာ မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့တွေနဲ့သာ ဆွေးနွေးမှု ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မရှိသလို ပြန်လွတ်ပေးခြင်းလည်း မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ရွေးကောက်ပွဲ ပြန်လည်ဝင်ပြိုင်ဖို့ စီစဉ်နေခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryDaw Aung San Su KyiCoupElectionစစ်ကောင်စီအာဏာသိမ်းရွေးကောက်ပွဲသတင်းအတု
    Read Full Article
    Claim :   ဒေါ်စု ရာသက်ပန် လွတ်ပြီ၊ ၂၀၂၄ ရွေးကောက်ပွဲမှာ ပြန်ပြိုင်ကြမယ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!