BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ထိုးကြိတ်နှိပ်စက် ခံထားရတယ် ဆိုတဲ့ သတင်းအတု

စစ်ကောင်စီက မတရားဖမ်းဆီးခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးကြိတ်နှိပ်စက်ခံထားရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Feb 2024 5:42 PM IST
  • ဒေါ်အောင်ဆန်းစုကြည် ထိုးကြိတ်နှိပ်စက် ခံထားရတယ် ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ Aung Vlog အမည်နဲ့ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ခွဲကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၅ ရက် အရေးပေါ် ကြေငြာချက် ထိုးကြိတ် နှိပ်စက်ထားလို့ အမေစုမျက်နှာ ဖူးရောင်ကာ စိုးရိမ်နေရ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးကြိတ်နှိပ်စက်ခံထားရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲမှာ ဖမ်းဆီးထားဆဲသာ ဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာတွေကြောင့် ကျန်းမာရေးပိုင်း ကျဆင်းနေပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကိုယ်ထိလက်ရောက် နှိပ်စက်မှုတွေ ပြုလုပ်ထားခြင်း မရှိသလို သတင်းအမှားထဲမှာ ရေးထားသလို ထိုးကြိတ်ခံရခြင်းလည်း မရှိပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှာမှ ဖော်ပြထားခြင်းမရှိသလို မည်သည့် မည်သည့်အဖွဲ့အစည်းမှာမှ ထုတ်ပြန်ထားခြင်းလည်းမရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupDaw Aung San Suu Kyitorturedသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   အရေးပေါ် ကြေငြာချက် ထိုးကြိတ် နှိပ်စက်ထားလို့ အမေစုမျက်နှာ ဖူးရောင်ကာ စိုးရိမ်နေရ
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!