BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကို...
      သတင်းအတု

      စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကို ဒေါ်စုတုံ့ပြန်သယောင် ဖြန့်ဝေတဲ့သတင်းတု

      ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  15 April 2023 4:24 PM
    • စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကို ဒေါ်စုတုံ့ပြန်သယောင် ဖြန့်ဝေတဲ့သတင်းတု

      အဆိုပါ သတင်းအတုကို PKS Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဧပြီလ ၆ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ် နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ လွှတ်တော်အတွင်း စစ်ယူနီဖောင်းဝတ် လွတ်တော်ကိုယ်စားလှယ်တွေအရှေ့ ဒေါ်အောင်ဆန်းစုကြည် ဖြတ်လျှောက်လာတဲ့ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “ရွေးကောက်ပွဲက အလကားပဲဟု အမေစုပြောပြီ” လို့ ရေးသားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို like လုပ်ထားသူ ၅၉၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သိန်းခွဲ နီးပါးရှိကာ YouTube ပေါ်မှာလည်း ဝင်ရောက်ကြည့်ရှု့ထားသူ များစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတပ်တွေက မတရားဖမ်းဆီးကာ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၉ နှစ် ချမှတ်ထားပြီး နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ သူမအနေနဲ့ ဖမ်းဆီးခံရစဉ်ကနေ အခုချိန်ထိ မည်သည့်အကြောင်းအရာ ကိစ္စကိုမှ တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်း မရှိသလို စစ်ကောင်စီတပ်တွေကလည်း သူမရဲ့ ရှေ့နေတွေကိုပါ ပြောဆိုခွင့်တွေ ပိတ်ထားပါတယ်။

      ဒါအပြင့် သတင်းအမှားရဲ့ ခေါင်းစဉ်မှာသာ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောထားတယ်လို့ ဆိုထားပေမယ့် ဒီ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ အကြမ်းဖက်မှုတွေကို ရွေးကောက်ပွဲနဲ့ ဖုံးဖိလို့မရဘူးဆိုတဲ့ ဆောင်းပါး ကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsNLD partyElectionMilitaryCoupClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
      Read Full Article
      Claim :   ရွေးကောက်ပွဲက အလကားပဲဟု အမေစုပြောပြီ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!