BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်မှုထမ်းဥပဒေကို...
      သတင်းအတု

      စစ်မှုထမ်းဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပယ်ချတယ်ဆိုတဲ့ သတင်းအတု

      စစ်မှုထမ်း ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  25 March 2024 9:49 PM IST
    • စစ်မှုထမ်းဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပယ်ချတယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက မတ်လ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေရယ်၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံတွေကို ပူးတွဲ ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ဒေါ်စု အပြတ်ပြောပြီ။ ကြည့်ကြပါအုံး။ သေစမ်းကွာ။ စစ်မှုထမ်း ဥပဒေ ဒေါ်စုပယ်ချ။ ပြည်သူ့ ဆန္ဒမပါဘဲလုပ်ရင် အသေဆိုးမယ်ဟုပြော” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို YouTube ပေါ်ဝင်ရောက်ကြည့်ရှုထားသူ ၆၃၀၀၀ ကျော်ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထဲက ဖမ်းဆီးထားကာ အမှုပေါင်းများစွာနဲ့ မတရား ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။ လက်ရှိအချိန်ထိလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး ထောင်ဝင်စာတွေ့ခွင့်တွေလည်း တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ စစ်မှုထမ်း ဥပဒေအပေါ် ဒေါ်စုအနေနဲ့ တစ်စုံတစ်ရာ မှတ်ချက်ပေးနိုင်ခြင်း ပြောကြားနိုင်ခြင်း မရှိပါဘူး။ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

      ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

      သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsrejectedConscription LawMilitary Coupသတင်းအတုစစ်မှုထမ်းဥပဒေ
      Read Full Article
      Claim :   စစ်မှုထမ်း ဥပဒေ ဒေါ်စုပယ်ချ။
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!