BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီလို့...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီလို့ ဖြန့်ဝေထားတဲ့ သတင်းအတု

သတင်းအမှားတွေ ဖြန့်ပြီး ကြည့်ရှု့သူများအောင် ပြုလုပ်ကာ ဝင်ငွေရှာနေတဲ့ အဖွဲ့တစ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီဆိုတဲ့ Video တစ်ပုဒ် ဖြန့်ထားပါတယ်။

By - Boom Live Myanmar |
Published -  19 Dec 2022 7:33 AM IST
  • ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ပြီလို့ ဖြန့်ဝေထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Tsx mar 07 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၈ ရက်နေ့မှာဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ခန့်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ "မအလ ယုတ်မာသွားပြီ။ အမေစု သေပြီတဲ့။ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ။ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ "သတင်းဆိုးကြီး၊ လုံးဝ မယုံနိုင်ဘူး" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၁၈၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၆၃၀၀၀ ကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၁ သိန်း ၉ သောင်းကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီ Video ဟာ Clickbaits နဲ့ ဝင်ငွေရှာနေတဲ့သူတွေက ဝင်ရောက်ကြည့်ရှု့သူများအောင် Video ရဲ့ ခေါင်းစဉ်တွေ နောက်ခံ ဓါတ်ပုံတွေမှာ လိမ်ညာရေးသားထားတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အနည်းငယ် ဖျားနာတာကလွဲပြီး နေပြည်တော် အချုပ်ထောင်မှာ ကျန်းမာစွာရှိနေဆဲ ဖြစ်ပါတယ်။

    ဒါ့အပြင် သတင်းအမှားထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီလို့ ရေးသားထားပေမယ့် Video အထဲမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ရက်ပေါင်း ၆၅၀ ကျော် ဖမ်းဆီးနှိပ်စက် အကျဉ်းချခံခဲ့ရတဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်ရဲ့ အင်တာဗျူး သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsState ConsellorDetainMilitaryCoupClickbaitspassed awayသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီလို့ Clickbaits page တစ်ခုက ရေးသားထား
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!