BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မွတ်စလင်နိုင်ငံအဖြစ်ပြောင်းဖို့...
သတင်းအတု

မွတ်စလင်နိုင်ငံအဖြစ်ပြောင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က OIC ထံမှ ဒေါ်လာ သန်း ၅၀၀ ယူတယ်ဆိုတဲ့သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို မွတ်စလင် နိုင်ငံအဖြစ်ပြောင်းဖို့ OIC ထံက ဒေါ်လာသန်း ၅၀၀ ယူထားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2022 11:34 AM IST
  • မွတ်စလင်နိုင်ငံအဖြစ်ပြောင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က OIC ထံမှ ဒေါ်လာ သန်း ၅၀၀ ယူတယ်ဆိုတဲ့သတင်းအတု

    အဆိုပါ သတင်းအမှားကို မညသ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စစ်တပ်ထောက်ခံသူတွေရှိတဲ့ "တပ်မတော် ချစ်သူများ ဆုံစည်းရာ" ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုပြီး ၎င်းဓါတ်ပုံအပေါ်မှာ "တိုင်းရင်းသားတွေဆီ ရန်တိုက်ပေးလိုက်၊ စစ်တပ်နဲ့ ရန်တိုက်ပေးလိုက်၊ ဖက်ဒရယ်မူကို ကျေညာလိုက် ပြည်ထောင်စုပြိုကွဲအောင် မီးမွှေးလိုက်။ ဒီမိုကရေစီကို ပြောလိုက် ဘဝင်မြင့်အောင် မှိုင်းတိုက်လိုက်။ ဓါတ်ပုံလေး ရိုက်ပြလိုက် နီပိန်းတွေ ရှုးအောင် လုပ်လိုက်။ မြန်မာနိုင်ငံကို မွတ်စလင်နိုင်ငံ ပြောင်းလဲရေးအတွက် OIC မှ ဒေါ်လာသန်း (500) ကို ဒေါ်စုလက်ခံထားကြောင်း ဦးဖြိုးမင်းသိန်း ဖော်ပြီ" (သတ်ပုံ မူရင်းအသုံးအနှုန်း အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်းရဲ့ နောက် ပိုစ့်တစ်ခုမှာ "OIC အဖွဲ့က ပေးတဲ့ ဒေါ်လာသန်း 500 ကို ယူပြီး မွတ်စလင် နိုင်ငံအဖြစ် ပြောင်းလဲပေးရမယ်ဆိုတော့ ဒို့နိုင်ငံက အချုပ်အခြာ အာဏာနဲ့ နေတဲ့ နိုင်ငံဟဲ့…" လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို မညသ ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်ဟာ စစ်တပ်ထောက်ခံသူတွေရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲကို ဖြန့်ဝေနေပြီး ၎င်းထံကနေ ထပ်ဆင့်ဝေမျှသူ ကူးယူဖော်ပြနေသူတွေ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    မြန်မာနိုင်ငံကို မွတ်စလင်နိုင်ငံအဖြစ်ပြောင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က OIC ထံမှ ဒေါ်လာ သန်း ၅၀၀ ယူခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းထွက်ဆို ခဲ့တယ် အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    အမျိုးသားရေးအမည်နဲ့ လှုပ်ရှားနေသူတွေ၊ ကြံခိုင်ရေးပါတီထောက်ခံသူတွေ၊ စစ်တပ်ထောက်ခံသူတွေဟာ NLD ပါတီကို OIC က ငွေယူထားတယ်ဆိုတဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်လေ့ရှိပါတယ်။ ဦးဖြိုးမင်းသိန်းကလည်း OIC နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထွက်ဆိုပြောကြားထားခြင်း မရှိသလို ဒီအကြောင်းအရာကို မည်သည့်မီဒီယာ ၊ သတင်းဌာနကမှလည်း ဖော်ပြထားခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်ထားသူက ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားခြင်း သက်သက်သာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ မညသ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်းဖော်ပြထားခြင်း မရှိတဲ့ အကောင့်တု တစ်ခုဖြစ်တာကို တွေ့ရပြီး စစ်ကောင်စီ ထောက်ခံသူတွေရှိတဲ့ Group တွေထဲ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဘာသာရေးသွေးထိုးလှုံ့ဆော်တဲ့ သတင်းအမှားတွေ ဆက်တိုက် ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    Fake newsOICMilitaryNLDCoupMuslim countryမွတ်စလင် နိုင်ငံသတင်းအတု
    Read Full Article
    Claim :   မြန်မာနိုင်ငံကို မွတ်စလင်နိုင်ငံ ပြောင်းလဲရေးအတွက် OIC မှ ဒေါ်လာသန်း (500) ကို ဒေါ်စုလက်ခံထားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ဆို
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!