BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

ပုပ်ရဟန်းမင်းကြီးတောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု

ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Sept 2024 8:18 PM IST
  • ပုပ်ရဟန်းမင်းကြီးတောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

    အဆိုပါ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံနေတဲ့ ဓါတ်ပုံရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းရဲ့ သားဖြစ်သူ ပါဝင်တဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ပုပ်ရဟန်းမင်းကြီးရဲ့ ကျေးဇူးကြောင့် အမေစု ရာသက်ပန်လွတ်ပြီး၊ သားနဲ့တွေ့ခွင့်ရပြီ။ ဝမ်းသာလွန်းလို့ မျက်ရည်ပါကျတယ်” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီး သားဖြစ်သူနဲ့ တွေ့ခွင့်ရပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့နဲ့ နိုင်ငံရေးခိုလှုံ့ခွင့်ပေးဖို့ တောင်းဆိုထားပြီး စစ်ကောင်စီအနေနဲ့ကတော့ ဒေါ်စုကို နေပြည်တော်အချုပ်ထောင်မှာပဲ ဖမ်းဆီးထိန်းသိမ်းထားဆဲသာ ဖြစ်ပြီး ပြန်လွတ်ပေးခြင်း မရှိသလို၊ သားဖြစ်သူနဲ့လည်း တွေ့ခွင့်မရပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsPope FrancisDaw Aung San Suu KyiSafe Havenပုပ်ရဟန်းမင်းကြီးဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်သတင်းအတု
    Read Full Article
    Claim :   ပုပ်ရဟန်းမင်းကြီးရဲ့ ကျေးဇူးကြောင့် အမေစု ရာသက်ပန်လွတ်ပြီး၊ သားနဲ့တွေ့ခွင့်ရပြီ။
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!