BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအားလုံး...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအားလုံး ရုတ်သိမ်းပြီး ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအားလုံးကို ရုတ်သိမ်းပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Dec 2023 5:32 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအားလုံး ရုတ်သိမ်းပြီး ပြန်လွတ်လာပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ၂ မိနစ် နီးပါးကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ မတူညီတဲ့ ဓါတ်ပုံ ၃ ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ဒေါ်စုအမှုထူးပြီ၊ ဒေါ်စုရဲ့ အမှုအားလုံး ရုတ်သိမ်းပြီး ရာသက်ပန်လွတ်ပြီ။ မင်းအောင်လှိုင်ဆွေးနွေးနေရပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၉၅၀၀၀ ခန့်ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအားလုံး ရုတ်သိမ်းပြီး ပြန်လွတ်လာပြီ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်အချုပ်ထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပြီး အထူးအယူခံလည်း ပယ်ချထားပါတယ်။ လတ်တလော အခြေအနေထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးခြင်း၊ ပြန်လွတ်ပေးခြင်း မရှိသေးပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့် သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupArrestedReleasedသတင်းအတုဒေါ်အောင်ဆန်းစုကြည်စစ်ကောင်စီ
    Read Full Article
    Claim :   ဒေါ်စုအမှုထူးပြီ၊ ဒေါ်စုရဲ့ အမှုအားလုံး ရုတ်သိမ်းပြီး ရာသက်ပန်လွတ်ပြီ။ မင်းအောင်လှိုင်ဆွေးနွေးနေရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!