BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်အောင်ဆန်းစုကြည် ICJ...
      သတင်းအတု

      ဒေါ်အောင်ဆန်းစုကြည် ICJ ရောက်နေပြီဆိုတဲ့ သတင်းအတု

      နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို ရောက်နေပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့လာပါတယ်။

      By - Boom Live Myanmar |
      Published -  28 Dec 2022 6:01 PM IST
    • ဒေါ်အောင်ဆန်းစုကြည် ICJ ရောက်နေပြီဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို Elvis Cruzz ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး website တစ်ခုက သတင်း link တစ်ခုကို ကူးယူပြီးဖြန့်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Website သတင်းရဲ့ ဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ ICJ က ဓါတ်ပုံဟောင်း တစ်ပုံကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ " 24 ရက် အမေစု ICJ ရောက်နေပြီ။ အကုန်ဖွင့်ချပြီ။ ၂၄ နာရီအတွင်း ဗိုလ်ချုပ် ၂၀၀ ဖမ်းမည်" လို့ ရေးသားထားပါတယ်။ အဆိုပါ website အတွင်းမှာတော့ ၂ မိနစ်ကျော် YouTube Video တစ်ပုဒ်ကို ပြန်တင်ထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားထဲမှာပါဝင်တဲ့ YouTube Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁၀၀၀၀ ကျော် ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို ရောက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒီ သတင်းအမှားဟာ ဝင်ရောက်ကြည့်ရှု့သူအရေအတွက်နဲ့ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာဖြစ်ပြီး သတင်းခေါင်းစဉ်နဲ့ ဓါတ်ပုံတွေမှာ လိမ်ညာဖော်ပြထားခြင်းသာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံထားရဆဲသာဖြစ်ပါတယ်။

      ဒါ့အပြင် သတင်းအမှားရဲ့ ခေါင်းစဉ်နဲ့ ဓါတ်ပုံတွေမှာသာ ဒီလို ဖော်ပြထားပေမယ့် ၎င်းတို့ တင်ထားတဲ့ YouTube Video အတွင်းမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ စစ်ကောင်စီဗိုလ်ချုပ်တွေအပြင် EU ကပါ ဒဏ်ခတ်ပိတ်ဆိုတဲ့အရေးယူတဲ့အထဲ ပြည်ထောင်စုတရားသူကြီးချုပ်ပါ ပါဝင်လာတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsMilitaryCoupICJState ConsellorClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်းအပြည်ပြည်ဆိုင်ရာ တရားရုံး
      Read Full Article
      Claim :   ဒေါ်အောင်ဆန်းစုကြည် ICJ ရောက်နေပြီ
      Claimed By :  Facebook, YouTube, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!