BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ​ဒေါ်အောင်ဆန်းစုကြည်နဲ့...
      သတင်းအတု

      ​ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် နေပြည်တော်မှာ တွေ့တယ်ဆိုတဲံူံသတင်းအတု

      အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  9 May 2023 1:10 PM IST
    • ​ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင် နေပြည်တော်မှာ တွေ့တယ်ဆိုတဲံူံသတင်းအတု

      အဆိုပါ သတင်းအတုကို Queen 85 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခြားသူတွေပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “MRTV ကြေညာလိုက်မှ ယုံတော့တယ်၊ ဒေါက်ဖိနပ်ခေါက်သံ ဟိန်းနေပြီ။ အခုပဲ တွေ့ကြပြီ” (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ဒီ Video ကို လူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “အမေစုနဲ့ မင်းအောင်လှိုင် နေပြည်ပြည်တော်မှာ တွေ့ပြီ” လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာရော YouTube ပေါ်မှာရော ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှု့ထားသူ များစွာ ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်မှာပဲ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး စစ်ကောင်စီ နဲ့ တွေ့ဆုံခြင်းမရှိသလို ပြန်လွတ်ပေးတော့မယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် သတင်းအမှား Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အထဲမှာ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsState ConsellorMilitaryCoupCilckbaitsစစ်ကောင်စီအာဏာသိမ်းသတင်းအတု
      Read Full Article
      Claim :   ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင် နေပြည်တော်မှာ တွေ့ဆုံ
      Claimed By :  Facebook, YouTube
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!