BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို ထောင်ဒဏ် ၈၅ နှစ် ချမှတ်တယ်ဆိုတဲ့ သတင်းတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ ကြေငြာဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 Sept 2021 6:37 PM IST
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို ထောင်ဒဏ် ၈၅ နှစ် ချမှတ်တယ်ဆိုတဲ့ သတင်းတု

    ဒီသတင်းကို သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ Peace News မြန်မာ၊ Breaking News Page နဲ့ သတင်းစွယ်စုံ Myanmar hot new တို့လိုမျိုး ဖေစ့်ဘွတ်ပေချ့်တွေမှာ စက်တင်ဘာလ ၂၈ ရက်နေ့ကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး "သမ္မတကြီးနဲ့ ဒေါ်စုကို လုပ်တာလွန်ရောဗျာ လုပ်ရက်တယ်ဗျာ။ စိတ်မကောင်းစရာသတင်းကြီး" ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရေးသားဖြန့်ဝေနေတာပါ။

    သတင်းကို သမ္မတ ဦးဝင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပေါ်မှာ "ကြားရတဲ့ သတင်းအဖြစ်ဆိုး။ သမ္မတကြီးနဲ့ ဒေါ်စုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ အခုကြေငြာ" လို့ ရေးသားပြီး လေးမိနစ်နီးပါး ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခုနဲ့ တွဲဖက် ဖြန့်ဝေနေတာဖြဟစ်ပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေရာမှာ ပါဝင်တဲ့ ရုပ်သံဖိုင်ကို ဖွင့်ကြည့်ရာမှာတော့ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုမယ့် အကြောင်းအရာ" ဆိုတဲ့ အခြားသတင်းဌာနတွေက သတင်းကို ကူးယူပြီး သတင်းကြေငြာတဲ့ပုံစံ ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။

    သတင်းထဲမှာ "ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ ကြေငြာ" ဆိုတဲ့ အကြောင်းအရာ တစ်စုံတရာ မပါရဝင်သလို ဒီသတင်းအတုဟာ တခြား Youtube သတင်းတုတွေလိုမျိုးပဲ လုပ်ကြံဖြန့်ဝေထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။

    စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့အမှုတွေဟာ စစ်ဆေးဆဲအဆင့်မှာသာရှိပြီး လက်ရှိအချိန်အထိ အမိန့်တစ်စုံတရာချမှတ်တဲ့အဆင့်ကိုမရောက်ရှိသေးပါဘူး။

    Tags

    Fake newsMyanmar PresidentState CounselorDaw Aung San Suu KyiPresident U Win Myintနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဒဏ် ၈၅ နှစ်85 years in prisonMilitary Coupmilitary council
    Read Full Article
    Claim :   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်မြင့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၈၅ နှစ် ချမှတ်ကြောင်း စကစ ကြေငြာဆိုပြီး ဖြန့်ဝေေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!