BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်နဲ့...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့် ပေးတယ်ဆိုတဲ့ သတင်းအတု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 Oct 2023 10:20 PM IST
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့် ပေးတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ပါဝင်တဲ့ ဓါတ်ပုံ နဲ့ သတင်းကြေညာနေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၃ ရက်နေ့ တနိုင်ငံလုံး ကခုန်ကြတော့ဗျို့။ အမေစုနဲ့ သမ္မတကြီး ဦးဝင်းမြင့် လွတ်ငြိမ်းခွင့် စစ်ကောင်စီ ကြေညာ။ MWD တရားဝင် အတည်ပြုထုတ်ပြန်လိုက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၃၁၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နေပြည်တော် အကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရဆဲဖြစ်ပြီး၊ သမ္မတဦးဝင်းမြင့်ကိုလည်း တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးထားဆဲသာဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်ဆိုတာ သတင်းအတုသာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsDaw Aung San Suu KyiPresident U Win MyintMilitaryCouppardonedသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   ဒေါ်စုနဲ့ သမ္မတကြီး ဦးဝင်းမြင့် လွတ်ငြိမ်းခွင့် စစ်ကောင်စီ ကြေညာ။ MWD တရားဝင် အတည်ပြုထုတ်ပြန်လိုက်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!