BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လက်ရှိငွေစက္ကူတွေကို တရားမဝင်...
သတင်းအတု

လက်ရှိငွေစက္ကူတွေကို တရားမဝင် ကြေညာမယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာမယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  18 Jun 2020 12:23 PM IST
  • လက်ရှိငွေစက္ကူတွေကို တရားမဝင် ကြေညာမယ်ဆိုတဲ့ သတင်းအမှား

    လူမှုကွန်ယက်ပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာမယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။ အဆိုပါ သတင်းအမှား ဖြန့်ဝေမှုကို ခင်ဇော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီ ၁၆ မိနစ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

    ဒီ သတင်းအမှားထဲမှာ "ဗဟိုဘဏ် ဥက္ကဌ က ကြေညာလိုက်ပါပြီ။ လက်ရှိ သုံးနေတဲ့ ငွေစက္ကူ တွေကို ''တရားမဝင်'' ကြေညာပီး၊ ဗိုလ်ချုပ်ရုပ်ပုံ နဲ့ ထုတ်ဝေပါမယ်" လို့ ရေးသား ထားပါတယ်။

    ၎င်း အကောင့်ပိုင်ရှင်ဟာ ဒီ သတင်းကို ရေးသားပြီး ၁ မိနစ်အကြာမှာ အဖွဲ့ဝင် ၃ သောင်း ကျော်ရှိတဲ့ တပ်မတော်နဲ့ နိုင်ငံရေး စကားဝိုင်း ဆိုတဲ့ Facebook Group ထဲကို ဝေမျှခဲ့ပါတယ်။

    သတင်းအမှားတင်ထားတဲ့ ခင်ဇော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲအခါမှာ NLD ပါတီနဲ့ ပက်သက်တဲ့ နိုင်ငံရေး တိုက်ခိုက်မှုတွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပက်သက်တဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတာကို တွေ့ရပြီး ၎င်းရဲ့ နောက်ထပ် အကောင့်တစ်ခု ဖြစ်တဲ့ Khin Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်အမှာတော့ ပြည်ခိုင်ဖြိုး ပါတီကို ထောက်ခံသူ တစ်ဦး ဖြစ်ကြောင်း ရေးထားတာ တွေ့ရပါတယ်။


    သတင်းဆန်းစစ်ချက်

    ခင်ဇော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ရေးထားတဲ့ လက်ရှိ အသုံးပြုနေတဲ့ ငွေစက္ကူတွေကို တရားမဝင် ကြေညာပြီး ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ၎င်း ဖေ့စ်ဘွတ်ပိုစ့်မှာ ရေးထားသလို ဗဟိုဘဏ် ဥက္ကဌက ကြေငြာခဲ့ခြင်း မရှိသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာပိုင်ခွင့် မရှိပါဘူး။

    တရားဝင်ထုတ်ဝေထားတဲ့ ငွေစက္ကူတွေနဲ့ ပက်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ အပိုဒ် ၃၆ ၊ အပိုဒ်ခွဲ (င) မှာ "တရားဝင် ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြု" လို့ ရေးသား ထားပါတယ်။ ဒါ့ကြောင့် ငွေစက္ကူပုံစံ အသစ်တွေ ထွက်ပေါ်လာတိုင်း လက်ရှိ ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လေ့ရှိပြီး အဲ့လို ထွက်ပေါ်လာတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။


    Tags

    fake newsmyanmar currency
    Read Full Article
    Claim :   ခင်ဇော် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ရေးထားတဲ့ လက်ရှိ အသုံးပြုနေတဲ့ ငွေစက္ကူတွေကို တရားမဝင် ကြေညာပြီး ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေမယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေး ပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!