BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • Taylor Swift က ကမ်မလာဟဲရစ်ကို...
သတင်းအတု

Taylor Swift က ကမ်မလာဟဲရစ်ကို ထောက်ခံမှုကြောင့် Coca-Cola နဲ့ လက်တွဲမှုရပ်ဆိုင်းခံဆိုတဲ့ သတင်းအတု

တေလာဆွစ်ရဲ့ ကမ်မလာဟဲရစ်အပေါ် ထောက်ခံမှုကြောင့် Coca-Cola ကုမ္ပဏီက သူမနဲ့ လက်တွဲမှုကို ရပ်ဆိုင်းခဲ့တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Sept 2024 9:39 PM IST
  • Taylor Swift က ကမ်မလာဟဲရစ်ကို ထောက်ခံမှုကြောင့် Coca-Cola နဲ့ လက်တွဲမှုရပ်ဆိုင်းခံဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို စက်တင်ဘာလ ၁၆ ရက်နေ့ ဝန်းကျင်ခန့်က လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ဖြန့်ဝေထားကြတာဖြစ်ပြီး ၂၀၂၄ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကမ်မလာဟဲရစ်အပေါ် တေလာဆွစ်ရဲ့ ထောက်ခံမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ သတင်းအမှားသာဖြစ်ပါတယ်။ သတင်းအမှားထဲမှာ “Coca-Cola Cuts Ties With Taylor Swift Over Harris Endorsement, ‘We Don’t Support Her Endorsement,” လို့ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ ပိုစ့်ကို Facebook ပေါ်မှာတင်မက X လူမှုကွန်ယက်နဲ့ Threads တို့အပေါ်ပါ ဖြန့်ထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    တေလာဆွစ်ရဲ့ ကမ်မလာဟဲရစ်အပေါ် ထောက်ခံမှုကြောင့် Coca-Cola ကုမ္ပဏီက သူမနဲ့ လက်တွဲမှုကို ရပ်ဆိုင်းခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီပိုစ့်ကို စတင်ဖြန့်ဝေသူဟာ သရော်စာ အနေနဲ့ ရေးသားကာ စိတ်ကူးယဉ်စာသားတွေနဲ့ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သရော်စာကို နားလည်မှုလွဲကာ တကယ်ထင်ပြီး ဆက်လက်ဖြန့်ဝေနေကြတာပဲ ဖြစ်ပါတယ်။

    တေလာဆွစ်ဖ် ဟာ Coca-Cola နဲ့ ၂၀၁၃ ခုနှစ်ထဲက ကြော်ငြာပေးဖို့ လက်တွဲခဲ့တာဖြစ်ပြီး အခုထိလည်း ဆက်လက်လက်တွဲဆဲဖြစ်ပါတယ်။ Coca-Coal ရဲ့ ပြောခွင့်ရသူတွေကလည်း တေလာဆွစ်ဖ်နဲ့ လက်တွဲဖြုတ်လိုက်တယ်ဆိုတဲ့အရာဟာ သတင်းအမှားဖြစ်ကြောင်း USA TODAY နဲ့ AFP သတင်းဌာနတွေကို အတည်ပြုပြောကြားထားပါတယ်။

    USD TODAY နဲ့ AFP သတင်းဌာနတွေက အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    ဒီအကြောင်းအရာဟာ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေပြီး တစ်ဖက်နဲ့ တစ်ဖက် ထောက်ခံသူတွေကြားမှာ ထွက်ပေါ်လာတဲ့ သတင်းအမှားသာဖြစ်ပါတယ်။

    Tags

    Fake newsCoca-ColaTaylor SwiftEndorsementUS Electionသတင်းအတု
    Read Full Article
    Claim :   “Coca-Cola Cuts Ties With Taylor Swift Over Harris Endorsement
    Claimed By :  Facebook, X, Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!