BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • PDF တွေရဲ့ လက်လုပ်ဒုံးကြောင့်...
သတင်းအတု

PDF တွေရဲ့ လက်လုပ်ဒုံးကြောင့် အရပ်သားတွေ သေဆုံးဆိုတဲ့ သတင်းအမှား

ကရင်ပြည်နယ် ဝေါလေဒေသမှာ PDF တပ်ဖွဲ့ဝင်တွေရဲ့ လက်လုပ်ရှော့တိုက်ဒုံးတွေ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရ ဆိုပြီး လက်နက်ကြီးကျည်ထိမှန် သေဆုံးနေသူတွေရဲ့ ဓါတ်ပုံတွေအသုံးပြု ဖြန့်ဝေနေတာ တွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  12 April 2022 10:14 PM IST
  • PDF တွေရဲ့ လက်လုပ်ဒုံးကြောင့် အရပ်သားတွေ သေဆုံးဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ဂရုနဲ့ အကောင့်တွေမှာ မတ်လ ၃၁ ရက်နေ့ကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး သတင်းအမှား ဖြန့်ဝေရာမှာ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေတဲ့ ပုံကို အသုံးပြုထားပြီး အောက်ပါအတိုင်းရေသားဖြန့်ဝေထားတာဖြစ်ပါတယ်။

    "ကရင်ပြည်နယ် ဝေါလေအတွင်း PDF အကြမ်းဖက်တွေက လက်လုပ်ရှော့တိုက်ဒုံးတွေနဲ့ ရမ်းသမ်းပစ်ခဲ့တဲ့အတွက် အရပ်သားအိမ်တွေပေါ် ကျရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ရှိနေကြောင်း၊ ရှော့တိုက်ဒုံးတွေကို ဦးတည်ရာ မရှိပဲ ရမ်းသမ်းပစ်ခတ်တဲ့ အတွက် KNU အဖွဲ့က တားဆီးပေမယ့် အစမ်းသဘော ပစ်ခဲ့တာလို့ ပြောကြောင်းနဲ့ ဒီပစ်ခတ်မှုတွေကို စစ်တပ်က ပစ်ခတ်တယ်လို့ ဖွနေကြောင်း" တွေ ရေးသားထားတာပါ။

    မူရင်းရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေရာမှာ အသုံးပြုထားတဲ့ ကလေးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးနေပုံရဲ့ မူရင်းဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ကလော ကျေးရွာအုပ်စုရှိ ကလော်ဒေးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။

    ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၂ နှစ်သမီး အရွယ်ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ဒေသခံ အရပ်သား (၇) ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ထုတ်ပြန်ထားပါတယ်။


    ပုံထဲမှာပါတဲ့ဖြစ်စဉ်ဟာ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၇ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ စစ်ကောင်စီဘက်မှ ကလော်ဒေးကျေးရွာ ဘက်ကို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦး၊ ၅ နှစ်သမီးအရွယ် ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့ပြီး ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ကရင်ပြည်နယ်ဒေသတွင်း သတင်းတွေ ရေးသားဖော်ပြနေတဲ့ KIC သတင်းဌာနမှာ မတ်လ ၆ ရက်နေ့က ဖော်ပြထားပါတယ်။

    သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Karen StatePDF attacksPDF အဖွဲ့FakenewsFalse imagesfiring missilescivilian casualtiesလက်လုပ်ဒုံးကျည်အရပ်သားပြည်သူတွေ သေဆုံး
    Read Full Article
    Claim :   PDF တပ်ဖွဲ့ဝင်တွေရဲ့ လက်လုပ်ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်ရှိ အရပ်သားပြည်သူတွေ သေဆုံး
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!