BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ဒေါ်အောင်ဆန်းစုကြည်ကို...
      သတင်းအတု

      ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းအာဏာပြန်လွဲဖို့ တရုတ်သမ္မတ အမိန့်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအတု

      စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွဲပေးဖို့ တရုတ်သမ္မတက အမိန့်ပေးလိုက်တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  30 Dec 2022 7:25 PM IST
    • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းအာဏာပြန်လွဲဖို့ တရုတ်သမ္မတ အမိန့်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအတုကို 2Time ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၂ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားပါတယ်။ Video ရဲ့ နောက်ခံ ဓါတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ စစ်ကောင်စီ ခေါင်းဆောင်ရယ် ၊ တရုတ်သမ္မတတို့ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံ သုံးထားပြီး ဓါတ်ပုံအပေါ်မှာ "29 ရက် အမေပြန်လာပြီ။ ဒေါက်ဖိနပ်လျောက်ကြားရပြီ။ အမေစုကို ချက်ချင်းအာဏာပြန်လွဲဖို့ တရုတ်သမ္မတ အမိန့်ထုတ်လိုက်ပြီ" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ Video ကို Like လုပ်သူများစွာနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ များစွာရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ တရုတ်သမ္မတက အမိန့်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      ဒီ သတင်းအမှားဟာ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ဖို့ တရုတ်သမ္မတက အမိန့်ပေးထားခြင်း မရှိသလို ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်လိုက်ပါတယ်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ တရားစွဲဆိုထားပြီး အခုအချိန်ထိ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ထားပါတယ်။

      သတင်းအမှား Video ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ဖို့ တရုတ်သမ္မတက အမိန့်ပေးထားတယ်လို့ ရေးသားထားပေမယ့် သတင်းအမှားထဲမှာတော့ ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှားထဲမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တရုတ်ကိုယ်စားလှယ်သစ်တို့ နေပြည်တော်မှာတွေ့ဆုံခဲ့ကြောင်း၊ ၎င်းကိုယ်စားလှယ်ဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း၊ ဒီခရီးစဉ်ဟာ မိတ်ဆက်ခရီးစဉ်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းတွေကို ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးမယ့် သတင်းမပါဝင်ပါဘူး။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူများအောင် ဖန်တီးကာ ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake NewsMilitaryCoupChina
      Read Full Article
      Claim :   ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းအာဏာပြန်လွဲဖို့ တရုတ်သမ္မတ အမိန့်ထုတ်
      Claimed By :  Facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!