BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်သံအမတ်တွေက...
သတင်းအတု

တရုတ်သံအမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောတယ်ဆိုတဲ့ သတင်းအတု

တရုတ်သံအမတ် ၅ ဦး နေပြည်တော်ထိ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ လွတ်ပေးဖို့ လာပြောတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 March 2023 7:21 PM IST
  • တရုတ်သံအမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို A Sone Thi ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ စစ်ကောင်စီ ခေါင်းဆောင်ရယ် သတင်းကြေငြာနေသူ တစ်ဦးရယ် သံအမတ်တစ်ဦးပါဝင်တဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “တရုတ်သံအမတ် ၅ ဦး နေပြည်တော် ရောက်ရှိ။ ဒေါ်စုကို မဖြစ်မနေ လွှတ်ရန် စစ်ခေါင်းဆောင်ကိုပြောကြား။ မလိုက်နာလို့ လုံးဝ မရ” လို့ ရေးသားထားပါတယ်။ ဒီ Video ကို ဖေ့စ်ဘွတ်ပေါ်ဖြန့်ဝေရာမှာလည်း “နေပြည်တော်အထိ လာပြီး ဒေါ်စုအတွက် လာရောက် ဆွေးနွေးပြီ” လို့ ဖြန့်ဝေထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို like လုပ်ထားသူ ၅၅၀၀ ကျော်နဲ့ ၁ သိန်း ၇ သောင်းကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်ပေ့ချ်တွေကလည်း ဖြန့်ချီထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်သံအမတ် ၅ ဦးနေပြည်တော်ကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်ပေးဖို့ စစ်ကောင်စီခေါင်းဆောင်ကို လာပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    တရုတ်သံအမတ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ စစ်ကောင်စီခေါင်းဆောင်ကို တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိသလို ထုတ်ပြန်တောင်းဆို ထားခြင်း တစ်စုံတစ်ရာလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေကသာ လုပ်ကြံဖြန့်ဝေထားခြင်းဖြစ်ပါတယ်။

    ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ Video ထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video ထဲမှာ တစ်ခြား စစ်ရေး သတင်းတွေ နဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်ပြီး လူသတ် မုဒိန်းကျင့်ထားတဲ့ သတင်းတစ်ချို့သာ ပါဝင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက် များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsChinese ambassadorsMilitaryCoupသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   တရုတ်သံအမတ် ၅ ဦး နေပြည်တော် ရောက်ရှိ။ ဒေါ်စုကို မဖြစ်မနေ လွှတ်ရန် စစ်ခေါင်းဆောင်ကိုပြောကြား။ မလိုက်နာလို့ လုံးဝ မရ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!