BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်က ဦးသိန်းစိန်ကို မြန်မာနိုင်ငံ...
သတင်းအတု

တရုတ်က ဦးသိန်းစိန်ကို မြန်မာနိုင်ငံ သမ္မတခန့်လိုက်တယ်ဆိုတဲ့ သတင်းအတု

တရုတ်နိုင်ငံက ဦးသိန်းစိန်ကို သမ္မတခန့်လိုက်တယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Aug 2024 9:15 PM IST
  • တရုတ်က ဦးသိန်းစိန်ကို မြန်မာနိုင်ငံ သမ္မတခန့်လိုက်တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

    Video ရဲ့ နောက်ခံမှာ တရုတ်ခေါင်းဆောင်တစ်ဦး ပါဝင်တဲ့ဓါတ်ပုံရယ်၊ NUG ယာယီ သမ္မတဓါတ်ပုံရယ်၊ စစ်ကောင်းစီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “တရုတ်နဲ့ မအလ ချပြီ။ သိန်းစိန်ကို တရုတ်က သမ္မတမြှောက်ပြီ။ ထင်ရာစိုင်း အမိန့်ထုတ်တဲ့ မအလကို ဖယ်ရှား သိန်းစိန်နဲ့ တရုတ်အရေါ်ပေါ် ဆွေးနွေး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    တရုတ်နိုင်ငံက ဦးသိန်းစိန်ကို သမ္မတခန့်လိုက်တယ်ဆိုတဲ့ Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ စစ်ကောင်စီခေါင်းဆောင်ဟာ သမ္မတရာထူးကို ရယူခဲ့ပြီး ၎င်းကို ဗိုလ်ချုပ်စိုးဝင်းက ဖြုတ်ချတယ်ဆိုတဲ့ ကောလဟာလ တစ်ချို့ထွက်ပေါ်ခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရောက်လာပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ချို့ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရာ သမ္မတရာထူးရော၊ ကာချုပ်ရာထူးရော ယူထားသူသာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupPresidentChinaClickbaitsသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   တရုတ်က ဦးသိန်းစိန်ကို မြန်မာနိုင်ငံ သမ္မတခန့်အပ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!