BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • CDM ကျောင်းဆရာ စစ်တပ်ကို...
သတင်းအတု

CDM ကျောင်းဆရာ စစ်တပ်ကို တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာတစ်ဦးက Non CDM ပြုလုပ်ကာ စစ်တပ်ကို တောင်းပန်နေတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  31 May 2022 11:17 AM IST
  • CDM ကျောင်းဆရာ စစ်တပ်ကို တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မေလ ၂၉ ရက်နေ ည ၉ နာရီ ၅၇ မိနစ်မှာ ရေးသားဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ကြမ်းပြင်ပေါ်အိပ်နေတဲ့ ဆေးသုတ်တဲ့အလုပ်လုပ်နေသူ တစ်ဦးနဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို လက်အုပ်ချီကာ စကားပြောနေတဲ့ အင်္ကျီအဖြူဝတ်ထားသူ တစ်ဦးတို့ရဲ့ ဓါတ်ပုံကို တင်ထားပါတယ်။ ၎င်း အင်္ကျီအဖြူဝတ်ထားသူရဲ့နောက်မှာ ကျောင်းစိမ်းယူနီဖောင်း ဝတ်ဆင်ထားတဲ့ ဆရာမတွေပါ ပါဝင်နေပါတယ်။အဆိုပါး ဓါတ်ပုံ ၂ ပုံနဲ့အတူ "ကျောင်းဆရာဘ၀ကနေ CDM လုပ်ပြီးနောက်ပိုင်း NUG ကနေ ဘာအထောက်ပံ့မှ မပေးလို ဆေးသုတ်သမားဘ၀‌နဲ့ အသက်မွေးနေရာက ၂၀၂၂ မှာ Non CDM အယူခံ၀န်ရင်း မှားမိသမျှ ကြုံကြိုက်တုံး တောင်းပန်နေပုံ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၁၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူတွေရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေကလည်း ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    CDM ကျောင်းဆရာတစ်ဦးက Non CDM ပြုလုပ်ပြီး ၎င်းရဲ့အမှားအတွက် စစ်ကောင်စီတပ်သားတွေကို တောင်းပန်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုပါ သတင်း ဓါတ်ပုံ ၂ ပုံထဲပါဝင်သူဟာ တစ်ယောက်စီသာဖြစ်ပါတယ်။ ဆေးသုတ်သမားအဖြစ်အသက်မွေးနေတဲ့ CDM ကျောင်းဆရာရဲ့ ဓါတ်ပုံဟာ လူမှုကွန်ယက်ပေါ် ဒီရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဒီဓါတ်ပုံနဲ့ စစ်တပ်ကို လက်အုပ်ချီစကားပြောနေတဲ့ Non CDM ကျောင်းဆရာရဲ့ ဓါတ်ပုံကို ယှဉ်တွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက Non CDM ကျောင်းဆရာကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ ရေးသားနေကြတဲ့ ဓါတ်ပုံတွေ ဖြစ်ပါတယ်။

    အဆိုပါ ဓါတ်ပုံ ၂ ပုံကို အသုံးပြုပြီး စစ်ကောင်စီ ထောက်ခံသူတွေက အခုလို သတင်းအမှားဖြန့်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် တန်ပြန်သတင်းအမှား ဖြန့်လာခြင်းသာ ဖြစ်ပါတယ်။

    ၎င်း ဓါတ်ပုံ ၂ ပုံတွဲ ယှဉ်တွဲပြပြီး Non CDM ကျောင်းဆရာကို လူမှုရေး ပြစ်ဒဏ်ခတ်ဖို့ ရေးသားကြတဲ့ အကြောင်းအရာကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။





    Tags

    Fake newsCDMNon-CDM teacherMilitaryCoupသတင်းအတုစစ်ကောင်စီ
    Read Full Article
    Claim :   CDM ကျောင်းဆရာက Non CDM ပြုလုပ်ကာ စစ်တပ်ကို တောင်းပန်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!