BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ကာတွန်း ဝေယံ(တောင်ကြီး)...
      သတင်းအတု

      ကာတွန်း ဝေယံ(တောင်ကြီး) ဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

      စစ်အာဏာရှင်ဆန့်ကျင်ရေး ကာတွန်းသရုပ်ဖေါ်မှုတွေ တစိုက်မတ်မတ်ရေးဆွဲနေသူ ကာတွန်းဝေယံ(တောင်ကြီး) ဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှားတွေ လူမှုကွန်ယက်ပေါ်ပြန့်နှံ့ခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  11 May 2021 12:05 PM IST
    • ကာတွန်း ဝေယံ(တောင်ကြီး) ဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား

      အဆိုပါ သတင်းအမှားကို သတင်းဌာန တစ်ခုက တင်ခဲ့တာဖြစ်ပြီး သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်တဲ့အချိန် အဆိုပါ သတင်းအမှားကို ပြန်လည် ဖြုတ်ချခဲ့ပေမယ့် စစ်တပ်ထောက်ခံသူတွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေက အဆိုပါ သတင်းအမှားကို ဆက်လက် ဖြန့်ဝေထားကြပါတယ်။ ဒီ အကြောင်းအရာကို မိုက်ကယ်ဆိတ်ဖွား ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တု တစ်ခုက မေလ ၉ ရက်နေ့ ၂ နာရီ ၅၅ မိနစ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး "ကာတွန်းဝေယံ(တောင်ကြီး)ကို မန္တလေးမှာဖမ်းမိ ပြည်ကြီးတံခွန် ရဲစခန်းကိုပို့ထား" လို့ ရေးသားထားပါတယ်။ ဒီလို ရေးသားမှုနဲ့အတူ ကာတွန်းဝေယံ(တောင်ကြီး) ရဲ့ ဓါတ်ပုံ တစ်ပုံနဲ့ ရေးဆွဲထားတဲ့ ကာတွန်းပုံတစ်ပုံကို တွဲတင်ထားပါတယ်။

      ဒီလိုတင်ထားတဲ့ သတင်းအမှာ ဖေ့စ်ဘွတ်ပိုစ့်ကို Like လုပ်ထားသူ ၅၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူတွေ ရှိကာ Comment ရေးသားသူများစွာ ရှိနေပါတယ်။ Comment အားလုံးဟာ ကာတွန်းဆရာကို ဆဲဆိုထားတဲ့ Comment များသာ ဖြစ်တာကို တွေ့ရပါတယ်။

      သတင်းဆန်းစစ်ချက်

      ကာတွန်းဝေယံ(တောင်ကြီး) ဖမ်းခံရတယ်လို့ Burma Associated Press သတင်းဌာနက သတင်းတက်လာစဉ်မှာ Boom Myanmar က ကာတွန်းလဂွန်းအိမ်ကို ဆက်သွယ် မေးမြန်းတဲ့အခါ ၎င်းတို့ ၂ ဦး အတူရှိနေကြောင်း သတင်းအမှားသာဖြစ်ကြောင်း အတည်ပြုပါတယ်။

      အဲ့ဒီနောက် ကာတွန်းလဂွန်းအိမ်က ၎င်းရဲ့ ဖေ့စ်ဘွတ်ပေါ် သတင်းအမှားဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပြီးနောက် သတင်းမီဒီယာတွေကလည်း ဒီအကြောင်း အရာကို သတင်းအမှားဖြစ်ကြောင်း ရေးသားဖော်ပြကြပါတယ်။

      ည ၇ နာရီ ခန့်မှာတော့ သတင်းမှားယွင်း ဖော်ပြမိတဲ့ Burma Associated Press က ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည် အသိပေး တောင်းပန်ခဲ့ပါတယ်။BAP က အသိပေး တောင်းပန်ထားတဲ့စာကို ဒီမှာ ဖတ်ပါ။

      သတင်းဌာနတွေနဲ့ ဖေ့စ်ဘွတ်သုံးစွဲသူတွေကြားမှာ ကာတွန်းဝေယံတောင်ကြီး ဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ကြောင်း အလျှင်အမြန် ဖြေရှင်းနိုင်ခဲ့ပေမယ့် စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းက အဆိုပါ သတင်းကို ပြန်လည် ဖျက်ပစ်ခြင်း မရှိဘဲ ဆက်လက်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

      Tags

      Fake newsCartoon Wai Yan (Taunggyi)arrestedcoupကာတွန်း ဝေယံ(တောင်ကြီး)သတင်းအတု
      Read Full Article
      Claim :   ကာတွန်းဝေယံ(တောင်ကြီး) ဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!