BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တရုတ်ကို မြန်မာက...
သတင်းအတု

တရုတ်ကို မြန်မာက စစ်ကြေငြာမည်ဆိုပြီး လှည့်ဖျားဖန်တီးတဲ့ သတင်းအတု

ကိုရိုနာကပ်ဘေး ဖြစ်ပွားနေတဲ့အချိန် နိုင်ငံရေး အမြတ်ထုတ်တဲ့ စီးပွားရေး အမြတ်ထုတ်တဲ့ သတင်းအမှားတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေပါတယ်။ သတင်းအမှားတွေကို ဖေ့စ်ဘွတ်၊ ဝက်(ဘ်)ဆိုဒ်နဲ့ Youtube တွေမှာ တင်ပြီး ကြည့်ရှု့သူ များအောင် မဟုတ် မမှန်တဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး ဖော်ပြလေ့ရှိပါတယ်။

By - Boom Live Myanmar |
Published -  14 May 2020 6:19 PM IST
  • တရုတ်ကို မြန်မာက စစ်ကြေငြာမည်ဆိုပြီး လှည့်ဖျားဖန်တီးတဲ့ သတင်းအတု

    ဒီရက်ထဲမှာပဲ Myanmar Ghost Audio Book ဆိုတဲ့ Youtube အကောင့်ဟာ ဧပြီလ ၂၅ ရက်နေ့မှာဖြစ်နိုင်ခြေမရှိတဲ့အကြောင်းအရာတစ်ခုကိုဖြန့်ဝေခဲ့ပါတယ်။ "ရောဂါမပျောက်ပါက တရုတ်ကို မြန်မာစစ်ကြေငြာမည်" ဆိုတဲ့ခါင်းစဉ်နဲ့ပြောဆိုဖြန့်ဝေထားတဲ့ Video တစ်ပုဒ်ကို တင်ထားတာဖြစ်ပါတယ်.

    ဒီ Youtube Video မှာ "ရောဂါ မပျောက်ပါက တရုတ်ကို မြန်မာ စစ်ကြေငြာမည်" ဆိုတဲ့ စာသားကို Photoshop ဖြင့် ပြုလုပ်ထားပြီး နောက်ခံ အသံရွတ်ဆိုထားတဲ့ ပြောဆိုချက်တွေပါဝင်ပါတယ်။ Video တစ်ပုဒ်လုံးမှာတော့ တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာရောဂါကြောင့် ကမ္ဘာနိုင်ငံအများစု ကို လျော်ကြေးပေးဆောင်သင့်တယ်လို့ ပြောဆိုထားပြီး အကယ်၍ တရုတ်နိုင်ငံက တာဝန်ယူ မဖြေရှင်းပေးရင် အမေရိကန်အပါအဝင် ကမ္ဘာအင်အားကြီး နိုင်ငံတွေက စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ အရေးယူမှုတွေ ပြုလုပ်လိမ့်မယ်လို့ ဆိုထားပါတယ်။

    တရုတ်နိုင်ငံဟာ စစ်ရေး အင်အားကြီးတဲ့ နိုင်ငံဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေက စီးပွားရေးအရသာ အရေးယူမှာဖြစ်ပြီး တရုတ်နိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို မိခင်နိုင်ငံ သို့ မဟုတ် တတိယနိုင်ငံ တွေဆီ ပြန်ရွေ့ပြောင်းကြလိမ့်မယ်လို့ ပြောထားပါတယ်။ ဒီလိုပြောင်းရွေးတဲ့အခါ တတိယနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို ပြောင်းရွေ့ဖို့ ပထမဦးစားပေး နေရာမှာ ရှိနေတယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံကို ပြောင်းရွေ့လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်လို့ ပြောထားပါတယ်။ ကိုဗစ် ၁၉ ကြောင့် တရုတ်အပါအဝင် အနောက်နိုင်ငံတွေ စီးပွားရေးကြပ်တည်းနေချိန်မှာ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းတွေ ကောင်းလာနိုင်တဲ့လို့ စိတ်ကူးယဉ်ဆန်ဆန်တွေ ပြောဆိုထားမှူတွေပါဝင်ပါတယ်။

    Myanmar Ghost Audio Book ရဲ့ Youtube မှာ အဆိုပါ Video ကို ဝင်ရောက်ကြည့်ရှု့သူ ၁ သိန်းခွဲ ခန့်ရှိနေပြီး ဖေ့စ်ဘွတ်ပေါ်မှာလည်း ဒီသတင်းတွေ ပျံနှံ့ နေပါတယ်။

    သတင်းဆန်းစစ်ချက်

    Myanmar Ghost Audio Book ဆိုတဲ့ Youtube အကောင့်က တင်ထားတဲ့ "ရောဂါ မပျောက်ပါက တရုတ်ကို မြန်မာ စစ်ကြေငြာမည်" ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှား သက်သက်ဖြစ်ကြောင်း တွေ့ရပါတယ်။ ဒီသတင်းအတုဟာ ခေါင်းစဉ်မှာ တစ်မျိုး ရေးထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာတော့ ခေါင်းစဉ်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ဖော်ပြထားပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာ မြန်မာနိုင်ငံက တရုတ်ရဲ့ ဆွေမျိုးပေါက်ဖော် နိုင်ငံဖြစ်တယ်လို့ ပြောထားပြီး ၎င်း၏ စိတ်ကူးယာဉ်ဆန်ဆန် စီးပွားရေးအမြင်တွေကို ပြောဆိုထားပါတယ်။

    ၁၀ မိနစ်ဝန်းကျင်ကြာမြင့်တဲ့ ဒီ Video ထဲမှာမြန်မာနိုင်ငံက တရုတ်နိုင်ငံကို စစ်ကြေငြာမယ် ဆိုတဲ့အချက်နဲ့ပတ်သက်လို့ တိကျသေချာတဲ့အကိုးအကားပြောဆိုချက်တွေတော့မပါဝင်ခဲ့ပါဘူး။ဒီဗီဒီယိုဟာလည်းတခြားသတင်းတုဖန်တီးသူတွေပြုလုပ်တဲ့နည်းတူ လူတွေကိုလိမ်လည်စွဲဆောင်တဲ့ ခေါင်းစဉ်အရေးအသားနဲ့ဖန်တီးထားတာဖြစ်ပါတယ်။

    ဒီအရေးအသားမျိုးဟာ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့သူတွေ၊ စီးပွားရေးအရ အမြတ်ထုတ်တဲ့သူတွေ က Account အတုတွေနဲ့ ရေးသားပြီး နိုင်ငံရေးအရ ဝါဒဖြန့်ချီဖို့နဲ့ ဝက်(ဘ်)ဆိုက်တွေ၊ Youtube အကောင့်တွေကနေ ပိုက်ဆံ ရှာဖို့ ပြုလုပ်ထားတဲ့ ပုံစံသာ ဖြစ်ပါတယ်။

    ၎င်းတို့ ဝက်(ဘ်)ဆိုက်တွေ၊ Youtube အကောင့်တွေမှာ တင်တဲ့ သတင်းတွေရဲ့ ခေါင်းစဉ်မှာ လူအများထိတ်လန့်အောင် လိမ်ညာထားတဲ့ ခေါင်းစဉ်တွေနဲ့ ရေးသားပြီး သတင်းရဲ့ အတွင်းပိုင်းမှာ ခေါင်းစဉ်နဲ့ မဆိုင်တဲ့ တခြား အကြောင်းအရာ တစ်ခုကို ဖော်ပြထားခြင်းမျိုး ဖြစ်ပါတယ်။

    အဆိုပါ သတင်းအမှားတင်ခဲ့တဲ့ Myanmar Ghost Audio Book ဆိုတဲ့ Youtube အကောင့်ဟာ လက်နတ်ကိုင် အဖွဲ့အစည်းတွေကြား စိတ်ဝမ်းကွဲစေမယ့် အမုန်းစကားတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေနဲ့ သတင်းအတုတွေ ဖန်တီးပြီး ငွေရှာနေတဲ့ Account တစ်ခုဖြစ်ပြီး ၎င်း ကို Subscribe ပြုလုပ်ထားသူ ၄၇၀၀၀ ခန့် ရှိနေပါတယ်။

    ဒီ Youtube အကောင့်ဟာ သတင်းအမှားတွေကို အမြဲတင်နေကျဖြစ်တဲ့အပြင် လက်နတ်ကိုင်အဖွဲ့အစည်းတွေကြား သွေးထိုးလှုံ့ဆော်နေတဲ့ အတွက် ဝင်ရောက်ကြည့်ရှု့ခြင်းကို ရှောင်ရှားသင့်ပြီး တရားဝင် သတင်းဌာနတွေရဲ့ သတင်းတွေသာ ဝင်ရောက်ဖတ်ရှု့သင့်ပါတယ်။

    Tags

    fake newscoronavirus MyanmarChina
    Read Full Article
    Claim :   Myanmar Ghost Audio Book ဆိုတဲ့ Youtube အကောင့်မှာ တင်ထားတဲ့ ရောဂါမပျောက်ပါက တရုတ်ကို မြန်မာ စစ်ကြေငြာမည်ဆိုတဲ့ သတင်းအမှားကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  Facebook, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!