BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တိုက်ပွဲက ထွတ်ပြေးတဲ့ PDF တွေကို...
သတင်းအတု

တိုက်ပွဲက ထွတ်ပြေးတဲ့ PDF တွေကို သတ်ပစ်ဖို့ ဗိုလ်စလုံး ညွှန်ကြားတယ်ဆိုတဲ့ သတင်းအတု

ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ PDF တွေ ထွက်ပြေးရင် တစ်ခါတည်း သတ်ပစ်ဖို့ ဗိုလ်စလုံးက ညွှန်ကြားထားတယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ဖန်တီးရေးသားထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 July 2022 6:08 PM IST
  • တိုက်ပွဲက ထွတ်ပြေးတဲ့ PDF တွေကို သတ်ပစ်ဖို့ ဗိုလ်စလုံး ညွှန်ကြားတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ဇွန်လ ၃၀ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်တုတွေနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "တိုက်ပွဲအတွင်းထွက်ပြေးတဲ့ PDF များအား တစ်ခါတည်းပစ်သတ်ရန် စောစလုံးမှ ညွန်ကြား" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "ကရင်ပြည်နယ် ဝေါလေဒေသ အတွင်းနဲ့ KNLA KNDO နယ်မြေအတွင်း တိုက်ပွဲအတွင်း ထွက်ပြေးပါကတစ်ခါတည်းပစ်သတ်ရန် စောစလုံး မှ အမိန့်ထုန်ပြန်ထားပါတယ်။ PDF လူငယ်တွေ ဟာEAO နဲ့ ပူးပေါင်းပြီးတော့ တိုက်နေရပေမယ့်လက်နက်ခဲယမ်းမရပါဘူး။ တိုက်ပွဲအတွင်း ကျည်တစ်တောင့်ကို ၅၀၀၀ နှုန်းနဲ့ဝယ်ယူနေရတယ်လို့လည်းသိရ ဒါကြောင့် ကျည်ချွေတာသုံးရင်း တစ်ချို့က ကျည်ကုန်လုံးကျဆုံးတာတွေလည်း ရှိတယ်လို့ အချင်းချင်းပြောဆိုတဲ့အသံတွေကြားရတယ် NUG အနေနဲ့ KNLA နယ်မြေထဲမှာနေတဲ့ PDF တွေကိုရေရှည်မထောက်ပံ့နိုင်ရင်တော့ PDF တွေဘဝကလမ်းဆုံးနေပါပြီး…." (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက လူမှုကွန်ယက်ပေါ် ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထွက်ပြေးတဲ့ PDF တွေကို တစ်ခါတည်း သတ်ပစ်ဖို့ ဗိုလ်စလုံးက ညွှန်ကြားထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဗိုလ်စလုံးဟာ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုထားခြင်း မရှိသလို မည်သည့် သတင်းဌာနကမှလည်း ဖော်ပြထားတာ မရှိပါဘူး။ DKBA ကနေ KNDO ထံကို လာရောက် ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်အောင် တိုက်ထုတ်မယ်လို့ ကြွေးကြော်ထားတဲ့ အတွက် ဗိုလ်စလုံးကို စစ်ကောင်စီထောက်ခံသူတွေက သတင်းအတုတွေ၊ သတင်းအမှားတွေနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

    DKBA ကနေ အင်အား ၂၀၀ ကျော်နဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြရဲ့ KNDO ကို ဗိုလ်စလုံး လာရောက်ပူးပေါင်းခဲ့တဲ့ သတင်းနဲ့ ယခင် သတင်းအမှားနဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ သတင်းကို ဒီနေရာ နဲ့ ဒီနေရာ မှာ ဖတ်ပါ။


    ဒါ့အပြင် ကရင်ပြည်နယ်အတွင်းက KNU ထိန်းချုပ်နယ်မြေတွေအတွင်း ရောက်ရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကို ဒီအကြောင်းအရားနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ "ဒါလို ကိစ္စမျိုးတွေ မရှိပါဘူး။ ကျည်ဆန် တစ်တောင့် ၅၀၀၀ ပေးသုံးရတယ်ဆိုတာလည်း မဟုတ်ဘူး။ ငွေကြေးပိုင်းက ထောက်ပို့တွေပဲ စီစဉ်တာ။ သူတို့ ရေးထားသလို မဟုတ်ဘူး။ ဒီမှာ ကိုယ်သဘောနဲ့ ကိုယ်လာကြတဲ့သူတွေချည်းပဲ။ မနေချင်လို့ ပြန်တဲ့သူလည်း မရှိဘူး။ အိမ်ကို လွမ်းတာတော့ ရှိတာပေါ့။ ဒီမှာက အားလုံး နွေးနွေးထွေးထွေးပါပဲ။ အချင်းချင်း ဘာပြဿနာမှ မရှိဘူး" လို့ ဆိုပါတယ်။

    လေးကေ့ကော်မှာ ရောက်ရှိနေသူတစ်ဦးကတော့ "ဗိုလ်စလုံး ဒီဘက်ကို ပေါင်းလာတော့ သူ့နောက်လိုက် DKBA တပ်ရင်းလိုက်ပါ ပါလာတယ်။ နောက်ထပ်လည်း အနွယ်အပွားတွေ ပါလာနိုင်သေးတယ်။ ဒါကြောင့် သွေးရူးသွေးတန်း ဖြစ်ပြီး ဖွနေတာ" လို့ မှတ်ချက်ပေးပါတယ်။



    Tags

    Fake newsPDFsDKBAKNU control areaMilitaryCoupဗိုလ်စလုံးသတင်းအတု
    Read Full Article
    Claim :   တိုက်ပွဲအတွင်းထွက်ပြေးတဲ့ PDF များအား တစ်ခါတည်းပစ်သတ်ရန် စောစလုံးမှ ညွန်ကြား
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!