BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ICJ တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို...
သတင်းအတု

ICJ တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးတော့မယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ICJ တရားရုံးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးတော့မယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  29 Jun 2021 6:27 PM IST
  • ICJ တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးတော့မယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို သတင်း 7LIGHT Political News ဆိုတဲ့ YouTube အကောင့်တစ်ခုက တင်ထားတာ ဖြစ်ပြီး အဆိုပါ YouTube Video ရဲ့ ခေါင်းစဉ်မှာ "ICJ ရုံးချိန်းတက်ရန် အမေစုကို ကွင်းလုံးကျွတ် လွတ်ပေးရတော့မယ့် မင်းအောင်လှိုင်" လို့ ရေးထားပါတယ်။ Video ရဲ့ အပေါ်မှာတော့ "၁၈ ရက် ဇွန်လ ထူးပြီ။ ICJ တရားရုံး တက်ပေးရန် အမေစုကို တောင်းပန်နေရတဲ့ မင်းအောင်လှိုင်" လို့ ရေးထားပါတယ်။ အဆိုပါ YouTube Video ကို Ma Yi Yi Thin ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က လူများတဲ့ Facebook Group တွေထဲ ပြန်လည် ဖြန့်ဝေနေတာ တွေ့ရပါတယ်။

    မူရင်း ဖြန့်ဝေထားတဲ့ Video ကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတဲ့ ICJ တရားရုံးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရတော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှိသူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ YouTue Video တစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    အဆိုပါ Video ဟာ ၁၀ မိနစ်နဲ့ ၄၀ စက္ကန့်ကြာမြင့်ပြီး Video ထဲမှာ ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ယောက်က လူမှုကွန်ယက်ပေါ် ပြောဆိုထားတဲ့ အကြောင်းအရာတစ်ခုကို အပုဒ်လိုက် ကူးကာ ၎င်းတို့ရဲ့ YouTube အကောင့်ပေါ် ပြန်တင်ထားတာကို တွေ့ရပါတယ်။

    Video ထဲမှာ ပြောထားတဲ့ အကြောင်းအရာဟာ ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးက တော်လှန်ရေးအတွက် မြို့နယ်အလိုက် လူတွေ စိစစ်ပြီး စုဆောင်းနေတယ်လို့ ပြောထားတာ ဖြစ်ပြီး ICJ တရားရုံး အကြောင်းရော၊ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရော၊ ပြန်လွတ်ပေးမယ့် အကြောင်းအရာရော တစ်ခုမှ မပါဝင်ပါဘူး။ ဒီ Video တွေ ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေပြီး ကြည့်ရှု့သူများလာတဲ့အခါ YouTube က ပြန်ရတဲ့ ဝင်ငွေနဲ့ စီးပွားရှာနေတဲ့ Video တွေသာ ဖြစ်ပါတယ်။

    Tags

    Fake newsAung San Suu KyireleasedICJ courtCoupMilitaryသတင်းအတုစစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားတဲ့ ICJ တရားရုံးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးရတော့မယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!