BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်...
သတင်းအတု

အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ သတင်းအတု

အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ သတင်းအတု ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  28 Feb 2026 9:07 AM IST
  • အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ 3 မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ မင်းအောင်လှိုင် ရဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “အစိုးရသစ်မှာ ဒေါ်စု ပါဝင်လာမည်။ မင်းအောင်လှိုင် ဝန်ခံလိုက်ပြီဟေ့။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် လုပ်နေပြီ။ ပြည်သူများ မဖြစ်မနေ နားထောင်ကြတော့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဒီရက်ပိုင်းအတွင်း အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ ဖြစ်စဉ် မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။

    Read Full Article
    Claim :   အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဟုဆို
    Claimed By :  facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!