BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာဆီယံအစည်းအဝေးကို...
သတင်းအတု

အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရပြီဆိုတဲ့သတင်းအတု

အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရပြီဆိုတဲ့သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Oct 2025 9:09 PM IST
  • အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရပြီဆိုတဲ့သတင်းအတု

    အဆိုပါ သတင်းအတုကို Tik Tok အကောင့်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ Video တစ်ပုဒ်နဲ့ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ “အာဆီယံ အစည်းအဝေးကို မအလ အစား ဒေါ်စုကို တက်ခွင့်ပေးလိုက်ပြီ။ အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ဒေါ်နယ်ထရမ့် တက်ခိုင်းပြီ” လို့ Video အပေါ်မှာ ရေးသားထားသလို နောက်ခံအသံမှာလည်း ရွတ်ဆိုထားပါတယ်။ Video အတွင်းမှာတော့ ဒေါ်စုနဲ့ ထရမ့် ပါဝင်တဲ့ Photoshop ဓါတ်ပုံတွေ အပြင် တစ်ခြားဓါတ်ပုံတွေကိုပါ အသုံးပြုထားပါတယ်။

    မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို Tik Tok ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ထပ်ဆင့်မျှဝေထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရခြင်း မရှိသလို ထရမ့်နဲ့ တွေ့ခွင့်ရခြင်းလည်း မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာသတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

    ဒါ့အပြင်ဒီအကြော င်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထာ းတဲ့အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူ အရေအတွက် ကနေ ဝင်ငွေပြန်ရနိုင်တဲ့ သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။

    Read Full Article
    Claim :   အာဆီယံအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်ရပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!