BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အောင်လအန်ဆန် နဲ့...
      သတင်းအတု

      အောင်လအန်ဆန် နဲ့ ဖန်ရောင်တို့ပွဲချိန် ပြောင်းသွားတယ်လို့ ဖြန့်ထားတဲ့ သတင်းအမှား

      MMA ကစားသမား အောင်လအန်ဆန်းနဲ့ တရုတ်နိုင်ငံသား ဖန်ရောင်းတို့ရဲ့ ပွဲချိန်နဲ့ ပတ်သက်ပြီး ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  21 March 2023 9:38 PM IST
    • အောင်လအန်ဆန် နဲ့ ဖန်ရောင်တို့ပွဲချိန် ပြောင်းသွားတယ်လို့ ဖြန့်ထားတဲ့ သတင်းအမှား
      Listen to this Article

      အဆိုပါ သတင်းအတုကို ပြည်တွင်းပြည်ပ သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး Website တစ်ခုရဲ့ Link ကို ကူးယူဖော်ပြကာ ဖြန့်ဝေထားပါတယ်။ website သတင်းရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ အောင်လအန်ဆန် နဲ့ တရုတ်နိုင်ငံသား MMA ကစားသမား ဖန်ရောင် ရဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ “အောင်လအန်ဆန် နဲ့ ဖန်ရောင် ရွက်ရွေ့ထိုးပြီးပါပြီ” လို့ ဖြန့်ဝေထားပါတယ်။ ၎င်း Website အတွင်းမှာတော့ YouTube Video တစ်ပုဒ်ကို တင်ထားပြီး သတင်းခေါင်းစဉ်မှာလည်းအဆိုပါအတိုင်း ဖြန့်ဝေထားပါတယ်။

      မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအတုကို ဖေ့စ်ဘွတ်ပေ့ချ်တွေ ကနေ လူများတဲ့ Group တွေထဲ ဖြန့်ဝေထားသလို YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

      သတင်းဆန်းစစ်ချက်

      အောင်လအန်ဆန်နဲ့ တရုတ်နိုင်ငံသားဖိုက်တာ ဖန်ရောင်းတို့ ပွဲချိန်ပြောင်းပြီး ကစားပြီးပြီလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

      အောင်လအန်ဆန်နဲ့ ဖန်ရောင်းရဲ့ ပွဲဟာ မေလ ၅ ရက်နေ့မှ ထိုးသတ်မှာဖြစ်ပြီး ကစားပြီးခြင်းလည်း မရှိပါဘူး။ အောင်လအန်ဆန်က မတ်လ ၁၃ ရက်နေ့က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ၎င်းနဲ့ ဖန်ရောင် ပါဝင်တဲ့ One Championship က ဓါတ်ပုံတစ်ပုံကို တင်ထားပြီး ၎င်းဓါတ်ပုံရဲ့ နေ့စွဲမှာ ဇန်နဝါရီလ ၁၃ ရက်နေ့လို့ တပ်ထားပါတယ်။ ၎င်း ပိုစ့်ရဲ့ Comment မှာတော့ အောင်လအန်ဆန်က ပွဲချိန်က မေလ ၅ ရက်နေ့ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက် မဟုတ်ကြောင်း အသိပေးရေးသားထားပါတယ်။

      ၎င်းရဲ့ နောက်ဖေ့စ်ဘွတ်ပိုစ့်တစ်ခုမှာလည်း “ငါအကောင်းဆုံးလုပ်မယ်” ဆိုပြီး မေလ ၅ ရက် နေ့စွဲကို တွဲပြီး ဖော်ပြထားပါတယ်။ အောင်လအန်ဆန် တင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။


      ဒါ့အပြင် ၎င်းတို့ တင်ထားတဲ့ Website ထဲရော YouTube Video ထဲမှာရော ရက်ရွေ့ပြီး ပွဲထိုးပြီးတဲ့အကြောင်း မပါဝင်ပါဘူး။ မေလ ၅ ရက်နေ့ ထိုးသတ်ရမယ့် အကြောင်းသာ ပါဝင်ပါတယ်။

      သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှုသူရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

      Tags

      Fake newsAung La An SanMMAClickbaitsသတင်းအမှားအောင်လအန်ဆန်
      Read Full Article
      Claim :   အောင်လအန်ဆန် နဲ့ ဖန်ရောင် ရက်ရွေ့ထိုးပြီးပါပြီ
      Claimed By :  Facebook, YouTube, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!