BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အိစ်ဒ်ပွဲတော်ကို အသုံးချပြီး...
သတင်းအတု

အိစ်ဒ်ပွဲတော်ကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်ထားတဲ့ သတင်းအတု

၂၀၂၀ ပြည်လုံးကျွတ်ရွေးကောက်ပွဲ နီးကပ်လာချိန် ဘာသာရေး အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ထားတဲ့ သတင်းအမှားတွေ နေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  6 Aug 2020 4:08 PM IST
  • အိစ်ဒ်ပွဲတော်ကို အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်ထားတဲ့ သတင်းအတု

    Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက သြဂုတ်လ ၁ ရက် မနက် ၁၁ နာရီ ၁၁ မိနစ်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိစ်ဒ်ပွဲတော်ပြုလုပ်နေတဲ့ ဓါတ်ပုံတွေကို အသုံးချပြီး NLD ပါတီအပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှား တစ်ပုဒ်တင်ထားပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာ "မင်္ဂလာရှိတဲ့အဒ်နေ့ဖြစ်ကြပါစေ ၊ မြန်မာတနိူင်ငံလုံးဖြန့်ပြီး ကျေးလက်တောရွာလေးတွေပါမကျန် "အဒ် " နေ့အခါသမယကိုကျင့်ပခွင့်ပြုတဲ့အတွက် ၊ အမေစုနဲ့ NLD ပါတီကို ကျေးဇူးတင်ပါတယ်တဲ့ ၊ သူတို့အနေနဲ့ NLD ပါတီကိုဘဲ မဲထဲ့မှာဖြစ်ပါတယ်တဲ့" (စာလုံးပေါင်းသတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပြီး ၎င်းစာသားများနဲ့ အတူ အိစ်ဒ်ပွဲတော်ပြုလုပ်နေတဲ့ ဓါတ်ပုံ ၃ ပုံကို အသုံးပြုထားပါတယ်။

    အဆိုပါ သတင်းအမှားကို Myanmar Hard Talk ဖေ့စ်ဘွတ်ပေ့ချ်ကနေ လူပေါင်း ၄၅၀၀ ကျော်က ထပ်ဆင့်မျှဝေထားပြီး Comment ရေးသားသူ ၂၉၀၀ ကျော်ရှိနေပါတယ်။ Comment အများစုဟာ NLD ပါတီကို ဆဲဆိုထားတဲ့ Comment တွေဖြစ်ပြီး ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေ ပြူလုပ်ထားတဲ့ Comment ပေါင်းများစွာလည်း တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ အထက်ပါအကြောင်းအရာနဲ့ ပတ်သက်လို့ အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီလို ရေးသားဖြန့်ဝေမှုဟာ NLD အစိုးရအပေါ် ထောက်ခံမှု ကျဆင်းအောင် ဝါဒဖြန့်ချိထားတဲ့ သတင်းအတုသာ ဖြစ်တယ်လို့ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) က ဆိုပါတယ်။

    "ခွင့်ပြုပေးထားတယ် ဆိုတာကလည်း ဒါက အစိုးရရဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ဒါက လုပ်ခွင့်ပေးထားတဲ့ Gazette Holiday ဖြစ်တယ်။ နောက်တစ်ခါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ အားလုံးလူစုလူဝေး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ဆိုပြီးတော့ တစ်ခါလုပ်ရင် လူ ၃၀ ပဲ ပေါ့နော်။ ဒါတွေ အကုန်လုံး စနစ်တကျ ဒီအပေါ်မှာ လိုက်လျောဖို့ ဆိုပြီးတော့ အစ္စလာမ့် အဖွဲ့ချုပ်ကြီးပေါ့နော်။ အဖွဲ့ ၅ ဖွဲ့ ပါတဲ့ အစ္စလာမ့် အဖွဲ့ချုပ်ကြီးကို ခေါ်ပြီးတော့ တာဝန်ပေးတယ်။ ဒါက အစိုးရတစ်ရပ်အနေနဲ့ ဒါက သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားတာပါ။ ဒီအပေါ်မှာ ကျွန်တော်တို့က နားလည်ပါတယ်။ သို့သော် အခုနကလိုပေါ့။ တချို့ကျတော့ NLD အစိုးရကို ထောက်ခံမှု ကျဆင်းရေး ပစ်မှတ် ထားပြီးလုပ်တဲ့သူတွေကျတော့ အစ္စလာမ် ဘာသာဝင်တွေက NLD အစိုးရက ကိုရ်ဘာနီ လုပ်ခွင့်ပေးတယ်။ အဲ့ဒါကို ကျေးဇူးတင်တယ်။ ကျေးဇူးတင်တဲ့ အဆင့်ထိက ပြောလို့ ရတယ် ကျွန်တော်တို့က။ ဘာမှ သိပ်ပြဿနာ မရှိဘူး။ ဒါပေမယ့် နောက်ကနေ အောက်က Comment က ဒါကြောင့် NLD အစိုးရကိုပဲ မဲပေးမယ်ဆိုတဲ့ ဒီလိုဟာမျိုးတွေကတော့ ကျွန်တော် သိသလောက်တော့ ဘယ်အစ္စလာမ်ဘာသာဝင် အဖွဲ့အစည်းကမှ လုပ်မှာ မဟုတ်ဘူးလေ။ မဲပေးတာ ကိုယ့်ရဲ့ လွတ်လပ်တဲ့ဆန္ဒ ပေးချင်တဲ့သူ ပေးမှာပေါ့။ ဆိုလိုတာက ဒါကတော့ အစ္စလာမ် ဘာသာဝင်တွေနဲ့ NLD အစိုးရကို ဒါက ကွဲအောင်လို့ တမင်ကို ရည်ရွယ်ချက်ရှိရှိ တင်တဲ့ ပိုစ်မျိုးတွေပါ။ ဒါတွေက Fake News တွေပါ။"

    အဆိုပါ သတင်းအမှား တင်ခဲ့တဲ့ Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို Boom Myanmar က ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ အဆိုပါ Page ဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ မှာ စတင်ပြုလုပ်ထားတာ ဖြစ်ပြီး Page admin အဖြစ် ဖေ့စ်ဘွတ် အကောင့် ၃ ခုက ယူထားပြီး ၎င်း page ကို Like လုပ်ထားသူ ၁ သိန်း ၃ သောင်းကျော် ရှိနေပါတယ်။ ဒါ့အပြင် Page မှာ တင်ထားတဲ့ သတင်းအများစုဟာ ဘာသာရေးလူမျိူးရေးနဲ့ပတ်သက်တဲ့သတင်းအမှားတွေဖန်တီးနေသလို အငြင်းပွားဖွယ်ရာ သတင်းအမှားပေါင်းများစွာကို နေ့စဉ်ဝေမျှနေတဲ့ Page တစ်ခုဖြစ်တာကိုတွေ့ရပါတယ်။




    Tags

    fake newsattack to NLDby using religionspreading hate speechသတင်းအတုNLD ကိုတိုက်ခိုက်နိုင်ငံရေးအမြတ်ထုတ်
    Read Full Article
    Claim :   Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ထားတဲ့ အိစ်ဒ်ပွဲတော် လုပ်ခွင့်ပေးတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေက NLD ပါတီကိုသာ မဲထည့်မယ်ဆိုတဲ့ သတင်းကို Boom Myanmar က အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!