BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဦးကျော်ဇေယျ နာမည်သုံးပြီး PPP...
သတင်းအတု

ဦးကျော်ဇေယျ နာမည်သုံးပြီး PPP ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအတု

၂၀၂၀ ပြည်လုံးကျွတ် ရွေးကောက်ပွဲ နီးကပ်လာချိန် နိုင်ငံရေး ပါတီတွေ တိုက်ခိုက်တဲ့ သတင် အမှားတွေ မကြာခဏ ထွက်ပေါ်လေ့ရှိ ပါတယ်။

By - Boom Live Myanmar |
Published -  22 July 2020 7:33 PM IST
  • ဦးကျော်ဇေယျ နာမည်သုံးပြီး PPP ပါတီကို တိုက်ခိုက်ထားတဲ့ သတင်းအတု

    ဒီရက်ပိုင်း အတွင်းမှာ ပြည်သူ့ရှေ့ဆောင်ပါတီ အပေါ် တိုက်ခိုက်ထားတဲ့ သတင်းအမှားတစ်ပုဒ် ပျံနှံ့နေပါတယ်။ အဲ့ဒီ သတင်းအမှားကို Ye Zaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇူလိုင်လ ၂၁ ရက်နေ့ နေ့ခင်း ၃ နာရီ ၄ မိနစ်မှာ တင်ထားတာ ဖြစ်ပြီး သတင်းပုံစံ ဖန်တီးထားတဲ့ ပိုစ့်တစ်ခု တင်ထားပြီး ၎င်းသတင်းရဲ့ ခေါင်းစဉ်မှာ "ဦးကျော်ဇေယျ မှ PPP ပါတီ ယ္ခုအတိုင်း ဆက်သွားနေရပါက အမတ်တစ်နေရာတောင် ရဖို့ မဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆို" လို့ ရေးထားပါတယ်။

    အဲ့ဒီသတင်းရဲ့ အတွင်းပိုင်းမှာတော့ "ဇူလိုင်(၂၀)က ပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဒဂုံမြို့နယ်ရုံး ဖွင့်ပွဲအပြီးမှာ ဦးကျော်ဇေယျမှ အခုလိုပြောလိုက်တာပါ။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကိုဦးစားပေးနေရလို့ ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်ကိုတော့ဘယ်နယ်တွေဆိုပြီး မရွေးချယ်ရသေးဘူး။ရွေးကောက်ပွဲမှာ ရန်ကုန် တိုင်းဒေသကြီးကနေ ကိုယ်စားလှယ်လောင်း (၁၀၁)ဦး ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပြီး တစ်နိုင်ငံလုံးအနေနဲ့ ကိုယ်စားလှယ်လောင်း ၂၅၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနက် ၃၀ရာခိုင်နှုန်း အမျိုးသမီးကိုယ်စားလှယ်တွေ ဘာမှအတွေ့အကြုံမရှိ။ နောက်ကြောင်းလှန်ပြီး ကြည့်လိုက်တော့လည်း လိမ်လည်မှု့ ။ မကောင်းသတင်းကျော်စောမှု့။ စစ်တပ်နဲ့နွယ်နေတဲ့ လူတွေများပြားမှု့ ဟိုအမှု့ ဒီအမှု့ တွေနဲ့ အမှိုက်တွေလာစုတဲ့ပါတီဖြစ်မှန်းမသိဖြစ်နေပြီ။ ဒီလိုပုံစံနဲ့ ဘယ်လိုရှေ့ဆက်ရမလဲ. ? အမတ်တစ်နေရာကိုတောင် ဒီလူတွေနဲ့ဘယ်လိုမှရနိုင်စရာအကြောင်းမရှိဘူး။ထောက်ခံသူကနည်းပါးလွန်း။ ပါတီဝင်တွေကလည်းဆန်ပေးလို့ဆီရအနေအထားနဲ့ပါတီဝင်ထားတဲ့ နှစ်ယောက်တစ်ပိုင်း အင်အားလေး။ ငွေကြေးစိုက်ထုတ်ပေးမယ့် ချမ်းသာသူတွေကိုလည်းမရှာနိုင် ။ ပါတီထောင်ရတာ သိပ်ပြီးခေါင်းရှုပ်ရတယ်လို့ ဦးကျော်ဇေယျက ဝေဖန်ပြောကြားလိုက်ပါတယ်" လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် ၎င်း ဖေ့စ်ဘွတ်ပိုစ့်ရဲ့ ထိပ်ဆုံးမှာတော့ "ပွဲမစခင် ပွဲပြီးသွားပြီဖြစ်တဲ့ PPP" လို့ ရေးသားထားပါတယ်။ အဆိုပါ ဖေ့စ်ဘွတ်ပိုစ့်ကို ရဲဇော်ဆိုတဲ့ အကောင့်ကနေ ထပ်မံဝေမျှသူ ၆၀၀ ကျော် ရှိနေပြီး တခြားဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ပြန်လည်ကူးယူ ဖော်ပြထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ရဲဇော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ PPP ပါတီက အမတ်တနေရာ ရဖို့တောင် မလွယ်ကူဘူးလို့ ဦးကျော်ဇေယျက ပြောခဲ့တယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ အဆိုပါ သတင်းဟာ နိုင်ငံရေးအရ တိုက်ခိုက်ဖို့ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှား ဖြစ်ကြောင်း တွေ့ရပါတယ်။

    ဒီ သတင်းနဲ့ ပက်သက်ပြီး ဦးကျော်ဇေယျက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် "ငပိန်း လော်ဘီ ကို အထူးပင် ကျေးဇူးတင်နေ ပါသည်ဗျာ။ ကျော်ဇေယျ က ယခင်တပ်မတော် မှာ နှစ်သုံးဆယ် ကျော် တာဝန်ယူခဲ့သူ ဆိုတာနဲ့ ဒေါ်သက်သက်ခိုင် မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်ကြောင်း လုံးဝပင် မသိဘူး ဖြစ်မယ်။ ဒဂုံမြို့နယ်ဖွင့်ပွဲမှာ အခြားသော မြို့နယ်များ လို ဘယ်သူ မှ တောင် စကားမပြောခဲ့ကြပါဘူး၊ ပိုလို့ပင် ဆိုးတာ က သူတင် ထားသော ကျွန်တော့်အနီးက လူမှာ UBP ပါတီက ကိုယ်စား ပြုကာ တက်ရောက်ခဲ့သည့် သူ ဆိုတာမသိရှာဘူး ထင်ပဗျာ။ တကယ့် ကို သနားစရာ ငပိန်း လော်ဘီ ပါဘဲ။လေးစားလျှက်" လို့ ရေးသား ထားပါတယ်။


    ဒါ့အပြင် ဒီသတင်းအမှား ဖြန့်ခဲ့တဲ့ ရဲဇော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ အကောင့်ပုန်း တစ်ခု ဖြစ်တာကို တွေ့ရှိရပြီး နိုင်ငံရေးအရ ဝါဒ ဖြန့်ချီတဲ့ သတင်းအမှားတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ မကြာခဏ တင်နေတာကို တွေ့ရပါတယ်။


    Tags

    Fake newsattacking the PPP partyUsing U Kyaw Zay's nameသတင်းအတုPPP ပါတီဝါဒဖြန့်သတင်း
    Read Full Article
    Claim :   ရဲဇော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ PPP ပါတီက အမတ်တနေရာ ရဖို့တောင် မလွယ်ကူဘူးလို့ ဦးကျော်ဇေယျက ပြောခဲ့တယ် ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးပေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!