BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • Top Block
  • ထွန်းအိန္ဒြာဗိုလ် ဓါတ်ပုံကို...
Top Block

ထွန်းအိန္ဒြာဗိုလ် ဓါတ်ပုံကို ပြုပြင်ပြီး ပုံဖျက်ရေးသားထားတဲ့ သတင်းအတု

ဒီရက်ပိုင်း ထဲမှာသရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ဓါတ်ပုံကို Photoshop နဲ့ ပြုပြင်ပြီး PPP ပါတီနဲ့ပတ်သက်လို့ ပုံဖျက်ရေးသားဖြန့်ဝေတဲ့ သတင်းအမှားတစ်ခုပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  26 Aug 2020 12:11 PM IST
  • ထွန်းအိန္ဒြာဗိုလ် ဓါတ်ပုံကို ပြုပြင်ပြီး ပုံဖျက်ရေးသားထားတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို ရဲရင့်အောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က Current Affair ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ တင်ထားတာ ဖြစ်ပြီး အဲ့ဒီ သတင်းရဲ့ အတွင်းပိုင်းမှာတော့ Photoshop နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံတစ်ပုံ တင်ထားပါတယ်။ အဲ့ဒီ ဓါတ်ပုံထဲမှာတော့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် ဟာ အပြာရောင် အင်္ကျီကို ဝတ်ဆင်ထားသယောင် ပြုလုပ်ထားပြီး PPP ပါတီတံဆိပ်ပါတဲ့ ကဒ်ပြား တစ်ခုကို ကိုင်ထားကာ ၎င်းကဒ်ပြားထဲမှာ "PPP ကို မဲမထည့်ချင် နေပါ။ မဲရုံကိုသွားပြီး ပယ်မဲဖြစ်အောင်တော့ လုပ်ခဲ့ပါ" လို့ ရေးသားထားပါတယ်။

    ဒါ့အပြင် အဆိုပါ ဓါတ်ပုံနဲ့အတူ "သူ့ကိုယ်သူ အထင်ကြီးလေသလား မပြောတတ်ပါဘူး။ ကြားလိုက်ရတော့ အတော့ကို စိတ်ပျက်သွားမိတယ်။ ပြီးခဲ့သောရွေးကောက်ပွဲကာလကား အမေ့အား ဝန်းရံပေးလျက် တက်တက်ကြွကြွ အားပေးခဲ့တယ်။ အမေ့ကို ယုံကြည်ကိုးစားခဲ့၍ လှိုက်လှိုက် လှဲလှဲ ထောက်ခံခဲ့သည်ဟု ယင်းအချိန်ကာလက ထင်ခင်မိသသည်။ ယခုတော့ ထင်မိတာတွေ တက်တက်စင်အောင်ကို လွဲခဲသည်။ သူ့ညီမဖြစ်သူ သက်သက်ခိုင် NLD.ထဲ ပါနေလို့ကိုး ဗျာ့။ သူ့ညီမကို NLD.က ပယ်လဲထုတ်ရော မပြောသင့်တာတွေ ပြောတာကြာပြီ။ မလုပ်သင့်တာတွေ လုပ်၍ လာပြီ။ မင်းသမီးရေ…စသဖြင့်" (မူရင်းရေးသားထားသည့်အတိုင်း) ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို တခြား ဖေ့စ့်ဘွတ်အကောင့် ပေါင်းများစွာကလည်း ထပ်ဆင့်ဝေမျှထားကြပြီး Comment ရေးသားသူ အများစုဟာ ဆဲဆိုထားတဲ့ Comment များသာ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရဲရင့်အောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် က PPP ပါတီ တံဆိပ်ပါတဲ့ ကဒ်ပြားကို ကိုင်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံ နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ PPP ပါတီ ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ခိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    အဆိုပါ ဓါတ်ပုံနဲ့ ပက်သက်ပြီး "ဒီပုံကြီးက Photoshop ကြီးမှန်း သိသာနေတာလေ။ အဲ့ဒီ ထွန်းအိန္ဒြာဗိုလ်ရဲ့ ပုံလေးလေ PPP ကို မဲမထည့်ချင်နေပါ မဲရုံကိုသွားပြီး ပယ်မဲ ဖြစ်အောင်တော့ လုပ်ခဲ့ပါ ဆိုပြီး ဓါတ်ပုံလေးနဲ့ တက်တာပေါ့နော်။ အဲ့ဓါတ်ပုံက ထွန်းအိန္ဒြာဗိုလ်က ၂၀၁၅ တုန်းက NLD ကို မဲဆွယ်ပေးခဲ့တဲ့ဓါတ်ပုံ ဖြစ်ပါတယ်ရှင့်။ ဒီ ကဒ်ပြားလေးကိုင်ပြီးတော့ ရိုက်ထားတာပေါ့။ အဲ့တုန်းကတော့ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ဆိုတာလေးပေါ့နော်။ အဲ့ ဓါတ်ပုံကိုလေးကို ကျွန်မတို့ ပါတီရဲ့ စာပြောင်းထည့်ထားတယ်။ အရောင် ပြောင်းတယ်။ နောက် အင်္ကျီတွေလည်း ပြောင်းထားတယ်ပေါ့နော်။ ဒါကတော့ တမင်သက်သက်လုပ်ကြံတဲ့ ပိုစ့်ဖြစ်ပါတယ်ရှင့်။ သူတို့ ဒါကိုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ဝိုင်းဆဲချင်လို့ပါရှင့်။ အခု ကျွန်မတွေ့နေတာ ဘာလဲဆိုလို့ရှိရင် ပိုစ့်တစ်ခုကို တင်လိုက်တယ်။ အဲ့တင်လိုက်ပြီးရင် Comment တွေနဲ့ ဝိုင်းဆဲတယ်။ ပြီးလို့ရှိရင် အဲ့ဒီဆဲခံရတဲ့ ပုစ့်တွေကို ဝိုင်းရှယ်တယ်ပေါ့နော်။ ကျွန်မကို ဆဲဖို့ အတွက် တင်တဲ့ပိုစ့်တွေဆိုရင် ၂၀၀၀၊ အခုနောက်ပိုင်း ၄၀၀၀ လောက် ဖြစ်လာတယ်ရှင့်။ ဝိုင်းရှယ်တာတွေလေ။ ဝိုင်းရှယ်တာ ၄၀၀၀ လောက် ဖြစ်တယ်။ ဝိုင်းဆဲတာလည်း Comment တွေက ထောင်ချီပေါ့နော်။ အရင်တုန်းကဆို Comment ၇၀၀၊ ၈၀၀ လောက် ဝိုင်းဆဲတယ်။ အခုတော့ 2.5K တို့ဘာတို့ပေါ့နော်။ အဲ့လိုတွေ ဝိုင်းဆဲတာတွေ ရှိတော့လေ။ အဲ့ဒါကတော့ များသောအားဖြင့် ကျွန်မ က ဘယ်လိုယူဆလဲဆိုတော့ Cyber Bully လုပ်တာပေါ့နော်။ Online ပေါ်မှာ လူတစ်ဦး တစ်ယောက်ကို အနိုင်ကျင့်တာပေါ့နော်။ အုပ်စုဖွဲ့ပြီးတော့မှ Facebook အကောင့်တွေ အများကြီးနဲ့ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာပေါ့ရှင့်" လို့ ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောပါတယ်။

    Tags

    Fake newsattacking the PPP partyediting with PhotoshopTun Aeindar Boသတင်းအတုPPP ပါတီကိုတိုက်ခိုက်ဓါတ်ပုံကိုပြုပြင်ထွန်းအိန္ဒြာဗိုလ်
    Read Full Article
    Claim :   ရဲရင့်အောင် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ် က PPP ပါတီ တံဆိပ်ပါတဲ့ ကဒ်ပြားကို ကိုင်ပြီး ရိုက်ထားတဲ့ ဓါတ်ပုံ နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို Boom Myanmar က PPP ပါတီ ဥက္ကဌ ဒေါက်တာဒေါ်သက်သက်ခိုင်ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!