BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာဆီယံ အထူးသံတမန်နဲ့...
သတင်းအတု

အာဆီယံ အထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေပြီဆိုတဲ့ သတင်းအတု

အာဆီယံ အထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနေပြီဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  8 Sept 2023 8:58 PM IST
  • အာဆီယံ အထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၆ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခြားသူတွေ ပါဝင်တဲ့ ဓါတ်ပုံ ၂ ပုံရယ် အာဆီယံခေါင်းဆောင်တွေ ပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “အမေစုထွက်လာပြီ။ ပြုံးနေတာ အာဆီယံ အထူးသံနဲ့ တွေ့ဖို့ အမေစု ထွက်လာပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို YouTube ပေါ်မှာ ဖြန့်ဝေထားပြီး အဆိုပါ link ကို ဖေ့စ်ဘွတ်ပေါ် မျှဝေသူတွေ ဝင်ရောက်ကြည့်ရှုထားသူတွေ ၁၀၀၀ နီးပါးရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အာဆီယံ အထူးသံတမန်နဲ့ တွေ့နေပြီလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ထဲမှာသာ ဖမ်းဆီးထားဆဲဖြစ်ပြီး ဒီရက်ပိုင်းအတွင်း သွားကိုက်ဝေဒနာနဲ့ ခေါင်းမူးပျို့အန်တာတွေ ခံစားရကာ ကျန်းမာရေး အနည်းငယ် ချို့တဲ့နေတယ်လို့ BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၎င်းရဲ့ ရှေ့နေတွေ ထောင်ဝင်စာ တွေ့ခွင့်ရဖို့ တောင်းဆိုထားတာ ၅ ကြိမ်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီကတော့ ခွင့်ပြုထားခြင်း မရှိသေးပါဘူး။

    အာဆီယံအနေနဲ့လည်း အလှည့်ကျ ဥက္ကဌ ဆောင်ရွက်ခဲ့တဲ့ ၃ နိုင်ငံ ပူးပေါင်းပြီး မြန်မာအရေး ဆောင်ရွက်ဖို့ ထုတ်ပြန်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့် အကြောင်းအရာကို ဖော်ပြထားခြင်းမရှိသလို၊ အာဆီယံက တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခြင်းလည်း မရှိသေးပါဘူး။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန မည်သည့်အဖွဲ့အစည်းကမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတွေ ဖြန့်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ ဒီ Video အတွင်းမှာ UN အထွေထွေ ညီလာခံကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်နေပြီဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsASEANSpecial EnvoyState CounsellorDaw Aung San Suu KyiMilitaryDetainသတင်းအတုစစ်ကောင်စီအာဏာသိမ်းအာဆီယံ
    Read Full Article
    Claim :   အာဆီယံ အထူးသံနဲ့ တွေ့ဖို့ အမေစု ထွက်လာပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!