BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့...
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ အာဆီယံ အတည်ပြုပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေ မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ အာဆီယံအတည်ပြုလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  15 July 2023 8:28 PM IST
  • ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ အာဆီယံ အတည်ပြုပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုနဲ့ Facebook ပေ့ချ်အချို့က ဇူလိုင်လ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ ဖြန့်ဝေထားပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ ဖြန့်ဝေထားတာဖြစ်ပြီး Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီခေါင်းဆောင်အပါအဝင် နိုင်ငံတကာက ခေါင်းဆောင်တစ်ချို့ရဲ့ ဓါတ်ပုံကို ပူးတွဲဖော်ပြထားပြီး ဓါတ်ပုံအပေါ်မှာ “လုပ်ကြံဖန်တီး ဗူးပေါ်သလို ပေါ်ကုန်ပြီ။ ကမ္ဘာ့အလယ်မှာ စောက်ရှက်ကွဲပြီ။ အမေစုကို လွတ်ပေးတော့မည်။ အာဆီယံ အတည်ပြုကြေညာလိုက်ပြီ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ ၎င်း Video ကိုလူမှုကွန်ယက်ပေါ်ဖြန့်ဝေရာမှာ “ဗြောင်လိမ်သမျှ ဗူးပေါ်သလို ပေါ်ကုန်ပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို Facebook ပေါ်မှာနဲ့ YouTube ပေါ်မှာ ဖြန့်ဝေထားကြပြီး ဝင်ရောက်ကြည့်ရှုသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ အာဆီယံက အတည်ပြုကြေညာလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    အင်ဒိုနီးရှားနိုင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်မိတ်ဖက်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အကျပ်အတည်းကို ရည်ညွှန်းတဲ့ ကြေညာချက်တစောင်ကို အားလုံးသဘောတူ ထုတ်ပြန်နိုင်ဖို့ နှောင်းနှေးကြန့်ကြာနေဆဲဖြစ်ပြီး AFP က ရရှိထားတဲ့ မူကြမ်းမှာ မြန်မာနဲ့ ပတ်သက်တဲ့အပိုင်းကို ချန်လှပ်ထားပြီး အာဆီယံက မြန်မာအရေးအကြောင်းအရာနဲ့ စကားလုံး အငြင်းပွားနေဆဲ ဖြစ်တယ်လို့ သတင်းမီဒီတွေမှာ ဖော်ပြလာကြပါတယ်။

    အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေး၀န်ကြီးကတော့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့ နဲ့ တိုက်တွန်းခဲ့သလို ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဖို့လည်း စစ်ကောင်စီခေါင်းဆောင်ကို တိုက်တွန်းထားပါတယ်။ အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးဖို့ ဖော်ပြထားခြင်း မပါဝင်ပါဘူး။ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်ရဖို့သာ ဖော်ပြထားတာဖြစ်ပါတယ်။

    (Photo Credit - Myanmar Business Club's Facebook Page)


    သတင်းအမှားရဲ့ ခေါင်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့ အာဆီယံက အတည်ပြုတယ်လို့ ဖော်ပြထားပေမယ့် Video အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံ ဝန်ကြီးတို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ သတင်းတစ်ပုဒ်ကိုသာ ဖော်ပြထားပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake NewsMilitaryCoupASEANASEAN Foreign Ministers
    Read Full Article
    Claim :   အမေစုကို လွတ်ပေးတော့မည် အာဆီယံ အတည်ပြုကြေညာလိုက်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!