BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာဆီယံဥက္ကဋ္ဌ ရာထူးက...
သတင်းအတု

အာဆီယံဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ သတင်းအတု

မြန်မာ့အရေး နှတ်ဆိတ်နေတဲ့ အာဆီယံဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 April 2023 11:25 AM IST
  • အာဆီယံဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ သတင်းအတု

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ News fresh ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video ဖိုင်နဲ့အတူ 'မြန်မာ့အရေး နှတ်ဆိတ်နေတဲ့ အာဆီယံဥက္ကဋ္ဌ ရာထူးက ဖယ်ရှား' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေဘို့ တမင်ရည်ရွယ် ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ RFA မြန်မာပိုင်းဌာနမှာ ဧပြီ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာ့အရေး အင်ဒိုနီးရှား အသံတိတ်နေမှု ဝေဖန်ခံနေရ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာဖြစ်ပြီး ဒီထဲမှာ အာဆီယံဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်မှုမရှိပါဘူး။


    RFA Burmese မှာ ဖော်ပြထားတဲ့ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ASEAN chairmanအာဆီယံဥက္ကဋ္ဌရာထူးကဖယ်ရှားအင်ဒိုနီးရှားFakenewsမြန်မာ့အရေးအင်ဒိုနီးရှားသမ္မတ
    Read Full Article
    Claim :   မြန်မာ့အရေး နှတ်ဆိတ်နေတဲ့ အာဆီယံဥက္ကဋ္ဌ ရာထူးက ဖယ်ရှားခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!