BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အာဆီယံ ဥက္ကဌရာထူးမှ...
သတင်းအတု

အာဆီယံ ဥက္ကဌရာထူးမှ အပြီးနုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတု

အာဆီယံ ဥက္ကဌ ရာထူးမှ နုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  23 Aug 2023 5:53 PM IST
  • အာဆီယံ ဥက္ကဌရာထူးမှ အပြီးနုတ်ထွက်သွားပြီဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဩဂုတ်လ ၁၈ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၁ ခွဲကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ နိုင်ငံတကာက ဓါတ်ပုံတစ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတစ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “၁၈ ရက်နေ့ ညနေ (၇) နာရီခွဲ သတင်းထူး၊ အာဆီယံဥက္ကဌ ရာထူးမှ နုတ်ထွက်ပြီ၊ အာဆီယံ ၂ ခြမ်းကွဲသွားပြီဗျို့၊ စစ်အုပ်စု အာဏာပြန်လွဲရကိန်းရောက်ပြီ” (မူရင်းဖော်ပြထားသည့်အတိုင်း) ရေးသားထားပါတယ်။ ဒီ Video ကိုလူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း “အာဆီယံဥက္ကဋ္ဌ ရာထူးမှအပြီးနှုတ်ထွက်ပြီ” လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ Video ကို ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၂၃၀၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အာဆီယံဥက္ကဌ ရာထူးမှ အပြီးနုတ်ထွက်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

    လက်ရှိမှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူထားဆဲ ဖြစ်ပြီး တစ်စုံတစ်ဦးမှ နုတ်ထွက်သွားခြင်း မရှိပါဘူး။ ၎င်းတို့ တာဝန်ယူထားတဲ့ ကာလမှာလည်း သက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ ၊ အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေပြီး ၇ လ အတွင်း မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့ စစ်ကောင်စီနဲ့ရော NUG နဲ့ပါ တွေ့ဆုံမှု အကြိမ် ၁၁၀ အထိရှိခဲ့ပါတယ်။

    သတင်းအမှား Video ရဲ့ ခေါင်းစဉ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌဟာ ရာထူးက အပြီးတိုင် နုတ်ထွက်သွားပြီလို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်သက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR)က တိုက်တွန်း ပြောဆိုလိုက်တယ်ဆိုတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

    Tags

    Fake newsASEANChairmanMyanmar MilitaryCoupresignသတင်းအတုအာဆီယံဥက္ကဌအာဆီယံမြန်မာစစ်တပ်
    Read Full Article
    Claim :   အာဆီယံဥက္ကဌ ရာထူးမှ နုတ်ထွက်ပြီ၊ အာဆီယံ ၂ ခြမ်းကွဲသွားပြီဗျို့၊ စစ်အုပ်စု အာဏာပြန်လွဲရကိန်းရောက်ပြီ
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!