BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဓါတ်ပုံအဟောင်းတွေနဲ့...
သတင်းအတု

ဓါတ်ပုံအဟောင်းတွေနဲ့ ရဟတ်ယာဉ်ပျက်ကျတဲ့ သတင်းအတု

ကချင်ပြည်နယ်မှာ မေလ ၃ ရက်နေ့က ရဟက်ယာဉ် တစ်စီးပျက်ကျခဲ့ပြီးနောက် မေလ ၄ ရက်နေ့မှာ နောက်ထပ်တစ်စီး ထပ်မံပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  5 May 2021 10:28 AM IST
  • ဓါတ်ပုံအဟောင်းတွေနဲ့ ရဟတ်ယာဉ်ပျက်ကျတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို Nge Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က မေလ ၄ ရက်နေ့ ည ၈ နာရီမှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး မီးလောင်ပျက်ဆီးပြီး ပျက်ကျနေတဲ့ ရဟတ်ယာဉ်တစ်စီးပုံ အသုံးပြုထားပါတယ်။

    အဆိုပါ ဓါတ်ပုံနဲ့အတူ "ယခု ညနေ ပုဇင်းတကောင် မြေပေါ်ထပ်ဆင်း၊ ဒေါ့ဖုန်းယန် အနောက် ပုဇင်း နောက်တစ်ကောင်

    လယ်ကွင်းထဲ ထယ်ဆင်းထိုး(4/5/2021-4:27PM)" လို့ ရေးတင်ခဲ့ပါတယ်။

    ၎င်းတင်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ကို like လုပ်ထားသူ ၆၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၄၁၀၀ ကျော်ရှိနေပြီး ကူးယူဖော်ပြသူ များစွာရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Nge Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့ ကချင်ပြည်နယ်က ဒေါ့ဖုန်းယန်မြို့ရဲ့ အနောက်ဘက်မှာ ရဟက်ယာဉ်တစ်စင်း ထပ်မံပျက်ကျခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခအဆိုပါအကြောင်းအရာနဲ့အတူရေးသားဖြန့်ဝေထားတဲ့ပုံတွေဟာ ၂၀၁၇ ခုနှစ်က ပျက်ကျခဲ့တဲ့ ဓါတ်ပုံအဟောင်းကို အသုံးပြုပြီး ဖြန့်ဝေထားတာဖြစ်ကြောင်း တွေ့ရပါတယ်။

    နူရင်းဓါတ်ပုံဟာ ဓါတ်ပုံဟာ ၂၀၁၇ ခုနှစ်က နိုဝင်ဘာလ ၁၆ ရက်နေ့က တန်ဇနီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ အပေါ့စားခရီးသည် တင်လေယာဉ်ရဲ့ ဓါတ်ပုံဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ တွေ့ရှိရပါတယ်။


    ၂၀၁၈ ခုနှစ်က ဆီးရီးယားနိုင်ငံမှာ ရုရှားစစ်ဘက်ဆိုင်ရာ ရဟက်ယာဉ် ပျက်ကျတဲ့ သတင်းတွေမှာ အဆိုပါ ဓါတ်ပုံကို Archives Photo အဖြစ်သုံးပြီး ပြန်လည်ဖော်ပြတာကို တွေ့ရပါတယ်။


    ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာမှာ မေလ ၃ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မှာ စစ်တပ်ရဲ့ ရဟက်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့တာဖြစ်ပြီး ဒီလိုပစ်ချခဲ့တဲ့ သတင်းကို KIA ဘက်ကရော ၊ စစ်တပ်ဘက်ကပါ အတည်ပြုပေးခဲ့ပါတယ်။

    အဆိုပါ မေလ ၃ ရက်နေ့မှာကတည်းက ရဟတ်ယာဉ် ၂ စင်း ပျက်ကျခဲ့တာဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီး မေလ ၄ ရက်နေ့မှာ ဒေါ့ဖုန်းယန်မြို့ အနောက်ဘက်မှာ တစ်စင်း ထပ်မံပျက်ကျခဲ့တာဖြစ်တယ်လို့ တခြားနိုင်ငံက ဓါတ်ပုံအဟောင်းတွေနဲ့ ပြန်လည်ဖြန့်ဝေခဲ့ကတာတွေ့ရပါတယ်။

    အခုသတင်းအတုမှာ ပါဝင်တဲ့ ဒေါ့ဖုန်းယန်မြို့ဟာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲမှာ ပါဝင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ကချင်ပြည်နယ်အခြေစိုက်သတင်းဌာနတွေရော၊ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေရော၊ KIA မြေပြင်တိုက်ပွဲသတင်းတွေ ရေးသားထုတ်ပြန်သူတွေကရော ရဟက်ယာဉ်တစ်စင်းသာ ပျက်ကျခဲ့ကြောင်း ရေးသားဖော်ပြထားပါတယ်။



    Tags

    Fake newshelicopter crashedold photoCOUPKIAEAOသတင်းအတုရဟက်ယာဉ်ပျက်ကျ
    Read Full Article
    Claim :   ကချင်မှာ ရဟတ်ယဉ်ပစ်ချခံရတဲ့ သတင်းကို အခြေခံပြီး နောက်ထပ်ရဟတ်ယဉ်တစီးပစ်ချခံရတဲ့ပုံစံ ဖန်တီးရေးသားတဲ့သတင်းတုတချို့ထပ်မံပေါ်ထွက်လာပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!